By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေး ဆွေးနွေးဖို့ ထိုက်တန်သူမဟုတ်ဘဲ ဂနာမငြိမ် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဒုတိယအကြိမ် ဖိတ်ခေါ်မှုကိုလည်း ဆွေးနွေးစရာ လုံး၀ အကြောင်းမရှိဘူးလို့ ကရင် အမျိုးသားအစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေကနေ ဇွန်လ ၁၀ ရက်နေ့မှာ ရေ စကြိုပျောက်ကြားတပ်ဖွဲ့ NYSO စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ၊ CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အထက်တန်း-သူနာပြု ဒေါ်ဇာလီနိုင် ၊ CDM ကျောင်းဆရာမ -ဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း ၊ PDF ရဲဘော်ဝူခုန်း တို့ကို အရှင် လတ်လတ် မီးရှို့သတ်ဖြတ်သွားတယ်လို့ NYSO က သတင်းထုတ်ပြန် ထားပါတယ်။
– စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မဲကုန်း-ကျေးရွာမှာ ပြည်သူပိုင် နေအိမ်တွေ ကို စစ်တပ်က ဗုံးခွဲတာ၊ မီးရှို့တာတွေ လုပ်ဆောင်တဲ့အပြင်၊ ပြည်သူတစ်ဦး ကိုပါ သတ်ဖြတ်သွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။