By ရန်ကုန်ခေတ်သစ်
“စစ်ကောင်စီက စစ်ကြောရေးမှာ နှိပ်စက်တယ်ဆိုတာ ကြားသိရတာနဲ့တင် ရက်စက်တယ်ဆိုတာကို သိရ ပါတယ်။သတင်းတွေမှာလည်းတွေ့ရတယ် ဒီနေ့ဖမ်း နောက်နေ့သေဆိုတော့ စိတ်ပူတယ်။အခုဆိုရင် တစ်ပတ် ရှိပြီဘာမှမကြားရဘူး ဖမ်းထားတယ်ဆိုရင်လည်း အမြန်ဆုံးတရားရုံးထုတ်ဖို့တောင်းဆိုပါတယ်။”
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအပါအဝင် ၄ ဦးမှာ ရန်ကုန်မြို့ကို သွားရောက်စဉ် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ အဆက်အသွယ်ပျက်သွားပြီး ဖမ်းဆီးခံရတယ်လို့ သတင်းများထွက်ပေါ်နေတဲ့ အတွက် မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ သိရအောင် ဦးကျော်ဇေယျ၏ ဇနီးဖြစ်သူ ဒေါ်နီလာဇော် ကိုဆက်သွယ်မေးမြန်းထားပါတယ်။