28 C
Yangon

တောင်ဒဂုံတွင် စစ်တပ်သတင်းပေးနှင့်ပျူစောထီးဟု သတ်မှတ်ခံရသူ ဘိုမင်းသူ ပစ်ခတ်ခံရပြီး သေဆုံး၊ မုံရွာတွင် မီတာပုံးဖြုတ်သူ လျှပ်စစ် ဝန်ထမ်း ၂ ဦး ပစ် ခတ်ခံရ၊ ကျိုက်လတ်မှ ဒေါင့်ကြီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၀ ရပ်ကွက်၊ ကျောင်းလမ်းနှင့် အောင်ချမ်းသာ ၂ လမ်းထောင့်တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီးဟု သတ်မှတ်ခံထားရသူ ဘိုမင်းသူ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကို U.R.M.T အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ တိုင်တန်းမှုကြောင့် သွေးသောက်အဖွဲ့ဝင်၊ ပျူစောထီး၊ လူမိုက်ခေါင်းဆောင် ဘိုမင်းသူကို အဖွဲ့က ရှင်းလင်းခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“သူက အုပ်ကြီးအားကိုးနဲ့ မြေပွဲစားလုပ်နေတာ။ လူမိုက်လည်း လူမိုက်။ စစ် တပ်ကိုလည်း သတင်းပေးတယ်။ ဓားခါးကြားထိုးပြီး သွေးသောက်အဖွဲ့ဝင် ပျူစောထီးလည်းလုပ်တဲ့သူ။ အရမ်းဆိုးတဲ့သူဗျ။ အခုတော့ သူ့ကိစ္စနဲ့သူ လစ် သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ဇီဇဝါလမ်းတွင် မီတာပုံးဖြုတ်ခြင်း၊ လျှပ်စစ်မီတာ ဖတ်ပြီး ပြန်လာသူ ဝန်ထမ်း ၃ ဦးကို အမည်မသိသူ ၂ ဦးက သေနတ်ဖြင့် ပစ် ခတ်ရာ ဝန်ထမ်း ၂ ဦးဒဏ်ရာရာရရှိကြောင်း သိရှိရသည်။

မုံရွာလျှပ်စစ်ရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး နိုင်ဆန်းလင်း၊ ဒုလက်ထောက် ကြီးကြပ်ရေးမှူး နေဝင်းထွန်းနှင့်ထွန်းရီတို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေဝင်းထွန်း သည် လက်မောင်း ကျည်ထိဒဏ်ရာ၊ နိုင်ဆန်းလင်းသည် ခါး ကျည် ထိ ဒဏ် ရာရရှိကြောင်း ၊ ထွန်းရီမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြိုနယ်၊ ဒေါင့်ကြီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် ယနေ့ ညနေ ၃ နာရီခန့်က သေနတ် ၃ ချက် ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူးကို ဧရာဝတီဗိုလ်တိုက် ငမန်း အဖွဲ့က ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ဒဂုံမှ စစ်တပ်သတင်းပေးနှင့် ပျူစောထီးဟု စွပ်စွဲခံရသူ ဘိုမင်းသူ ပစ်ခတ်ခံရပြီး သေဆုံးသွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article