ရန်ကုန်၊ ဇွန် ၁၅
ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၇ ရပ်ကွက်တွင် ဇွန်လ ၅ ရက်နေ့ ဧကရာဇ် Beauty ဆလွန်း တွင်ဖြစ်ပွားခဲ့သော မြန်မာ Idol အဆိုတော် ဇင်ကြီး ပစ်ခတ် ခံရမှုတွင် ဇင်ကြီးနှင့်အတူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော မပပဝင်းသည် စစ် တပ် သတင်းပေး မဟုတ်ကြောင်း သားဖြစ်သူက ပြောဆိုလိုက်ပြီး ကာကွယ် ရေး ဝန်ကြီးဌာနက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောဆိုသည်။
ပစ်ခတ်ခံရ၍ သေဆုံးသွားသော မပပဝင်းသည် အဆိုတော်ဇင်ကြီးနှင့် လုံးဝ ပတ်သက်မှုမရှိသည့်အပြင် ဧကရာဇ် Beauty Sloonတွင် အလုပ်လုပ်သော အရပ် သားတစ်ဦးဖြစ်ကြောင်း၊ ဆိုင်ပိတ်ခါနီး အဆိုတော် ဇင်ကြီးကို ခေါင်း လျှော်ပေးနေချိန် ထိုကဲ့သို့ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ကြည့်သူ အားလုံးကိုပစ်ဟု အသံတစ်ခုကိုကြားရပြီးနောက် မပပဝင်း သေနတ်ဖြင့် အပစ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက ဆိုသည်။
“ကျွန်တော့်အမေက အာဏာမသိမ်းခင်တည်းက စစ်သားတွေဘာတွေ သိပ် သဘောကျတာမျိုးမရှိပါဘူး။ အာဏာ သိမ်းပြီးနောက်ပိုင်း မှာလည်း အရှေ့ဆုံး အတန်းကနေထွက်ပြီး ဆန္ဒပြခဲ့သူတစ်ဦးပါ ။ အခုဟာက အမေ့က အသက် လည်းသေသွားရတဲ့အပြင် ဒလန်လို့လည်း ဝိုင်းပြော နေကြတယ်။ အဲ့ဒါကို မြင်တဲ့အချိန်မှာလည်း ရင်ထဲကိုစို့သွားတယ် အရမ်းနာကျင်ရတယ်။ ကျွန်တော့် အမေက.. ဗျာ ဘယ်တုန်းကမှ ပြည်သူကို သစ္စာမဖောက်ခဲ့ဖူး တဲ့သူတစ် ယောက် ပါဗျာ အခုလိုအသက်သေပေးရတဲ့အပြင် နာမည်ပါ ပျက် ရတယ်။ ကျွန်တော် အမေ့အစား အရမ်းစိတ်မကောင်းဖြစ်ရတယ်ဗျာ။ ကျွန် တော် အသက်နဲ့လဲပြီးအာမခံနိုင်ပါတယ် ကျွန်တော့်အမေက ဒလန်လုံးဝ မဟုတ် ပါဘူး မိသားစုရပ်တည်ရေးအတွက် ရုန်းကန်နေ တဲ့သူတစ်ယောက် ပါ ”ဟု သားဖြစ်သူက ဆိုသည်။
စစ်တပ်ထောက်ခံသူ အဆိုတော်ဇင်ကြီး ပစ်ခတ်မှုကို U.R.M.T အဖွဲ့ကလုပ် ဆောင် ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုတွင် သေဆုံးသူ အမျိုးသမီးသည် ဇင်ကြီးနှင့် အတူ တိုင်ပင်ဆွေးနွေးမှုများရှိနေကြောင်း ၊ စစ်တပ်သတင်းပေးကိစ္စများ ဆက် စပ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
U.R.M.T အဖွဲ့သည် ရန်ကုန်တွင် စစ်တပ်သတင်းပေး၊ ပျူစောထီး နှင့်သွေး သောက် များကို ရှင်းလင်းနေသည့် မြေအောက် တော်လှန်ရေးအဖွဲ့တစ်ခုလည်း ဖြစ်သည်။
Yangon Anti-Dictatorship Force တော်လှန်ရေး အဖွဲ့ဝင်ဟောင်း တစ်ဦး ကမူ “ ဇင်ကြီးကတော့ စစ်တပ်ထောက်ခံသူလို့ ကျွန်တော်သိရပါတယ်။ ဒီလူကိုသတ်တာကတော့ ဒါပြသနာမဟုတ် ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ Missionမှာ အရပ်သားတွေကိုတော့မထိခိုက်အောင်ဆောင်ရွက် သင့်ပါတယ်။ ကျွန်တော် တို့ရဲ့Missionကြောင့် ပြည်သူထိခိုက်ရင်တော့ အဆင်မပြေပါဘူး။ ရည်ရွယ် ချက်နဲ့ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် မလွဲသာလို့ ပြည်သူထိခိုက်ခဲ့ရင် တာ ဝန် ယူမှုတစ်ခုခုတော့ ရှိသင့်ပါတယ်။ ”ဟု သုံးသပ်သည်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် ဦးနိုင်ထူးအောင်က ဇင်ကြီး နှင့်အတူ ပစ်သတ်ခံရသော အမျိုးသမီးတစ်ဦးသေဆုံးမှုကို စုံစမ်းစစ် ဆေးမည်ဟု ဆိုသည်။
“ ကိုယ်နဲ့ အမြင်ချင်းမတူရင်တောင် အရပ်သားများအပေါ် စစ်ရေး ပစ်မှတ် မထားဖို့ ကျွန်တော်တို့ပြောထား ညွန်ကြားထားတာမျိုးရှိပါတယ်။ ဒီလိုကိစ္စမျိုး ဖြစ်ခဲ့ဖူးတာတွေလည်းရှိပါတယ်။ ဒီကိစ္စကိုတော့ ရှောင်ရှားလို့ ရလျက် နှင့်မ ရှောင် ရှားခဲ့တာလား မတော်တဆလားဆိုတာ တော်လှန်ရေးကာလမှာရော တော်လှန်ရေးပြီးရင်ရော တာဝန်ရှိမှုအတိုင်း ကျင့်ဝတ်နဲ့ အညီဖြစ်ဖို့ ကျွန်တော် တို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ ဒီတော်လှန်ရေးက အားလုံး အတွက် တရားမျှတမှုတွေ ယူလာပေးမှာပါ။ ”NUG အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာန ၏ အတွင်းဝန် ဦးနိုင်ထူးအောင်ကဆိုသည်။