ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ အင်္ကုက္ကားရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ် တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စုစည်းနေစဉ် ဇွန်လ၁၄ ရက် နေ့ ည၈နာရီခန့်အချိန် တန့်ဆည်PDFပူးပေါင်း အဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက် ခိုက်ရာ ၁၇ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ပျူစောထီးခေါင်းဆောင် စိန်ချို၏ နေအိမ်တွင် စစ်ကောင်စီတပ်သားနှင့် ပျူစော ထီး ၅၀ခန့် စုစည်းနေစဉ် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း(၆)၊ TPC၊ Taze Tiger၊ K.P.K၊ PRA၊ TSR၊ Nine starနှင့် ပလဖ တိုက အငိုက်ဖမ်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြ ခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာသဖြင့် တန့်ဆည်ရဲစခန်းမှ အဖြူရောင် ကားကြီးတစ်စီးဖြင့် အင်အားအပြည့် ဇွန်လ၁၄ ရက်နေ့ ည၉နာရီခန့်တွင် အင်္ကုက္ကားရွာသို စစ်ကူလာနေစဉ် PDFပူးပေါင်းအဖွဲက တန့်ဆည်မြို့ အထွက် တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားနောက်ပိုင်း ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။
စစ်ကူလာသော စစ်ကား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားများက လက်နက်ကြီး၃ချက်ခန့် ရမ်းပစ်ခတ်ကြောင်း ဒေသခံများ ကပြောသည်။
အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေ ဆုံးခဲ့ ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်နေ့ နံနက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရေလယ်ကျွန်းဒေသ ပေါက်တောကျွန်းကျေးရွာမှ အထွက် တွင် Yesagyo PDF ၊ မဟာမိတ် ညီနောင် K.N.T ပြောက်ကျား တပ် အပါ အဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စုပေါင်းကာ မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် Yesagyo PDF နှင့် မဟာမိတ် K.N.T ပြောက် ကျားတပ်တို့က အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အနီးကပ် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၈ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း Yesagyo PDF တပ်ဖွဲ့က ပြောဆိုသည်။
ဓာတ်ပုံ- တန့်ဆည်PDF တပ်ဖွဲ့ဝင်များ။
Photo- ကံထူးမပလက်ဖောင်း။