27 C
Yangon

ကရင်နီတွင် ဇွန်လ ဒုတိယတစ်ပတ်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၊ ဒေါညေးခူတိုက်ပွဲတွင် စစ်တပ်က ဘုရားကျောင်းအတွင်းတပ်စွဲ ဆုတ်ခွာချိတ်တွင် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၆

ကရင်နီပြည်နယ်တွင် ဇွန်လ ဒုတိယတစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၂ ဦး သေဆုံးပြီး ကရင်နီ ရဲဘော်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေါညေးခူတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်သည် ဘုရားကျောင်းအတွင်း တပ်စွဲကာ ဆုတ်ခွာချိန်တွင် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ ရက်နေ့ ဖရူဆိုမြို့နယ်၊ ဒေါညေးခူတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ သေနတ် ၈ လက်နှင့် ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ သိမ်းဆည်းရရှိခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် ဒေါညေးခူကျေးရွာရှိ နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တိုက်ပွဲတွင် စစ်သား ၄ ဦး သေဆုံးပြီး ဒေါညေးခူကျေးရွာရှိ St. Matthew’s Church တွင် တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ ပြန်လည်ဆုတ်ခွာချိန်တွင် ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နှင့် ဓမ္မာရုံတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလျှက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ လဆန်းပိုင်းမှစ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လ ဒုတိယတစ်ပတ်တွင် ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ လွိုင်ကော်မြို့နယ် ပကြဲကျေးရွာနှင့် ပဒါးညေးကျေးရွာအနီးတွင် ဇွန်လ ၉ ရက်နေ့၌လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာအတွင်းမှ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ်များကို ဖောက်ထွင်းခိုးယူ ဖျက်ဆီးခဲ့သည်ဟု KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article