ရန်ကုန်၊ ဇွန် ၁၆
ရန်ကုန်မြို့လယ်၊ ဒဂုံမြို့နယ် ဗိုလ်ရာညွှန့်လမ်းရှိ ရန်ကုန်တိုင်းစစ်ရုံးနားတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး ဗုံးလာထောင်သူဟု ယူဆရသူ ၁ ဦးဒဏ်ရာ အပြင်း အထန်ရရှိကာ စစ်တပ်က လမ်းများ ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသ ခံများထံမှ သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ရာညွှန့်လမ်း၊ မဟာနွယ် ပစ္စည်းငှားဌာန အရှေ့ အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲသွားခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း စစ်ရုံးကို ဗုံး လာ ထောင်ရင်း ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ ဂျင်းဘောင်းဘီနှင့် လူငယ် တစ်ဦး ဗုံးထိမှန်သွားကြောင်း ဒေသခံများက ဆိုသည်။
“ဗုံးထိတာ တစ်ယောက်၊ မဟာနွယ်ပစ္စည်းငှားဌာနရှေ့မှာ ဗုံးထိတာ လူငယ် လေးက ခြေပြတ်ပြီး ခေါင်းထိထားတယ်။ အဲဒီလူငယ်ကတော့ သေဖို့ ရာခိုင် နှုန်း က သေချာသလောက် များနေတယ်။ သတိလည်းမရတော့ဘူး အခု စစ်ခွေး တွေက တအားဆွဲနေတယ်။ ဖြစ်တာက ရန်ကုန်စစ်တိုင်းရုံးနား။ စစ်ရုံး ထဲမှာ စစ်ကားတွေကလည်း အများကြီးရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ဒလမြို့နယ်တွင်လည်း ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ဗုံး တွေ့ရှိရသဖြင့် စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း၊ ဒလမြို့နယ် နေရာ အများ စုက ဗုံးဖောက်ခွဲသံကြားရကြောင်း သိရှိရသည်။
ထို့ပြင် မြောက်ဥက္ကလာ ရန်ကုန် အမှတ် ၃ လမ်းဆုံနားတွင် ယနေ့ နံနက်ပိုင်း ၄ နာရီကျော်အချိန် ဗုံးပေါက်ကွဲသံကြားရကြောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင်လည်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မြောက်ဥက္ကပမှာ မနက် ၅ နာရီ တကြိမ်၊ အခု မွန်းတည့်ခါနီး ၁၁ နာရီ ၃၀ မိနစ် မှာ တစ်ကြိမ် ၂ ကြိမ်ဗုံးပေါက်တယ်။ တော် တော် ကျယ်တယ် ဗုံး အသံက။ မြေကြီးတောင်တုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ အင်းစိန်မြို့နယ်၊ ပန်းခြံအနားရှိ ၊ မြို့နယ် လျှပ်စစ်မီတာရုံး တွင် လည်း ယနေ့ နံနက်ပိုင်း ဗုံးတွေ့ရှိမှု ဖြစ်ပွားကြောင်း၊ အခြေအနေ အသေး စိတ် မသိရသေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“ဒီမနက် အင်းစိန်ပန်းခြံနားက မီတာရုံးဗုံးပေါက်တာလား ဗုံးတွေ့တာလား မသိ ဘူး လမ်းတွေပိတ်ပြီး စစ်တာ ရှိတယ်။ စစ်တပ်က တွေ့ရာလူ ရမ်းသမ်း ဖမ်း တယ်ပြောတယ်” ဟုဒေသခံတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံ ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့ နယ်၊၅၈ ရပ် ကွက် ၊ ဧရာဝဏ်လမ်းဘေး ၊စိုပြေတည်းခိုခန်းအနီးတွင် လူငယ်တစ်ဦးကို စစ် တပ်က ဇွန်လ ၁၆ ရက် နံနက် ၆ နာရီ ၁၀ မိနစ်အချိန် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားကြောင်း ဒေသခံများက ဆိုကြသည်။
စစ်တပ်လော်ဘီသတင်းဌာနများက အဆိုပါ လူငယ်ကို သတ်ဖြတ်မှုသည် ဗုံးထောင်သူကို သတ်ဖြတ်သည်ဟု ရေးသား ကြသော်လည်း ဒေသခံများ ၏အဆိုအရ လမ်းသွားနေသည့် လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခြင်း ဖြစ် သည်ဟု ဆိုကြသည်။
“အဲဒီနားက သူတွေ ပြန်ပြောတာက ကောင်လေးတစ်ဦးကို စစ်တပ်က အ နောက် ကနေ ပစ်ခတ်လိုက်တာ။ ကျည်ထိပြီးတော့ လှုပ်ကို မလှုပ်တော့ဘူး။ ဗုံးထောင်သူဆိုတာမျိုး တယ်လီဂရမ်တက်နေတာတွေ့တယ်။ မေးကြည့်သ လောက်တော့ သာမန် လူငယ်ပဲ။ နာမည်နဲ့ နေရပ်သိရရင် ပြန်ပြောပေးမယ်။ ဒဂုံဆိပ်ကမ်းက လူငယ်လေးပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။