ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီများ ဇွန်လ ၁၂ ရက်နေ့က ဝင်ရောက်ကာ ပြည်သူများ နေအိမ် ၁၀၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အိမ်ခြေ ၁၀၃ လုံးပါသွားပါတယ်။ ဒုတိယအကြိမ်မီးရှို့ခြင်းပါ။ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက မီးရှို့သွားပါတယ်ဗျ” ဟုဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီဝင်ရောက်မီးရှို့မှုကြောင့် ပထမအကြိမ်တွင်လည်း အိမ်ခြေ ၃၀ ဝန်းကျင် လောင်ကျွမ်းခဲ့ရပြီး ဒုတိယအကြိမ်တွင် အိမ်ခြေ ၁၀၃ လုံး လောင်ကျွမ်းဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။