ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီး ကုက္ကိုကုန်းလမ်းဆုံနားတွင် ကင်းချပြီး ပြန်လာ သည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ပိုင်း တွင် ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်လိုက်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရသွားကြောင်း Tigyaing Revolution -TR က သတင်း ဖော်ပြသည်။
ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ထီးချိုင့်မြို့အနီး ကုက္ကို ကုန်း လမ်းဆုံနားတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ စစ်သား ၅ ဦးဒဏ်ရာရရှိပြီး ဒဏ်ရရှိသူများကို ထီးချိုင့်ဆေးရုံတွင် ကုသကြောင်း၊ သေဆုံးသွားသည့် စစ်သား ၂ ဦးကိုလည်း ဆေးရုံသို့ ယူဆောင်သွားကြောင်း TR Team၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
အလားတူ ယနေ့ ဇွန် ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မကွေးတိုင်း၊ ထီး လင်းမြို့နယ် ရွှေအောင်သာကျေးရွာမှ စစ်တပ်သည် အောင်းကျေးရွာရှိ ပြည် သူများ၏ စားနပ်ရိက္ခာများကို ခိုးယူလုယက်လာရန် YDF (ထီးလင်း) က လက် ဦးမှုရယူတိုက်ခိုက်ရာ စစ်ကောင်စီဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၊ တိုက် ပွဲမှာ အချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး နံနက် ၇ နာရီခန့်အကြာတွင် နောက် တစ်ကြိမ် ထပ်မံဖြစ်ပွားကာ နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ် ခဲ့ ကြောင်း YDF(ထီးလင်း) က ယနေ့ သတင်းထုတ်ပြန်သည်။
ထိုစစ်ကောင်စီတပ်သည် နံနက် ၉ နာရီခန့်တွင် ရိက္ခာမပါဘဲ ရွှေအောင်သာသို့ ဆုတ်ခွာသွားခဲ့ရကြောင်း ကျဆုံးသတင်းစုံစမ်းဆဲဖြစ်ကာ YDF(ထီးလင်း) ဘက် မှ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦး။
Photo- အီးပီအေ။