ရန်ကုန်၊ ဇွန် ၁၆
မင်းအောင်လှိုင်ဦးဆောင် အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ် နှင့်လေ ကြောင်းဆိုင်ရာ အစိတ်အပိုင်းများ တင်သွင်းပေးနေသူ မြန်မာ ကုမ္ပဏီ ၃ ခုနှင့် ရုရှား ကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက် ကြောင်း ဗြိတိန်အစိုးရက ယနေ့ ထုတ်ပြန်ကြေညာသည်။
စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့မှုတွင် ပါဝင်သော မြန် မာ ကုမ္ပဏီ သုံးခုဖြစ်သည့် Synpex Shwe၊ Myanmar New Era Trading နှင့် Sky Aviator ၊ စစ်တပ်အတွက် လေကြောင်းဆိုင်ရာ အစိတ်အပိုင်းများ ပံ့ပိုး ပေးနေသည့် ရုရှားကုမ္ပဏီ ၃ ခုဖြစ်သည့် Ural Avia၊ Sins Avia Trading House နှင့် JSC Gorizont စုစုပေါင်း ကုမ္ပဏီ ၆ ခုကို ဗြိတိန်အစိုးရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ခြင်းဖြစ်သည်။
မြန်မာ့အရေး တက်ကြွလှုပ်ရှားသော Burma Campaign UK က ဗြိတိန်က ချ မှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အသစ်ကို ကြိုဆိုလိုက်ပြီး ပိတ်ဆို့အရေး ယူမှု အရှိန်အဟုန်ကို မြှင့်တင်ရန် နှင့် စစ်ဘက်သို့ လေယာဉ်ဆီလောင်စာများ တင် သွင်းမှုကိုလည်း ထပ်မံ ပိတ်ဆို့ရန် တောင်းဆိုလိုက်သည်။
“ဒီလို ပိတ်ဆို့အရေးယူမှုတွေကို ကြိုဆိုပြီး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဗြိတိန် အစိုးရမှာ မှန်ကန်တဲ့ ပိတ်ဆို့အရေးယူမှုမူဝါဒရှိပေမယ့် ပစ်မှတ်ထားတဲ့ ဒဏ် ခတ် ပိတ်ဆို့မှုတွေကို မြန်မြန်ဆန်ဆန်ချမှတ်ဖို့ လုံလောက်တဲ့ အရင်း အမြစ် တွေ မထားရှိပါဘူး။ မြန်မာစစ်တပ်အတွက် လေကြောင်းလောင်စာဆီ လမ်း ကြောင်း ကို ပိတ်ဆို့မှုက အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက် မှု ကြောင့် ဖြစ်ပွားရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်း ရန် တစ်ခုတည်းသော အထိရောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ပါတယ်။ လေ ယာဉ် ဆီတင်သွင်းမှုအတွက် ဒဏ်ခတ်အရေးယူမှုတွေအတွက် ဦးစားပေး လုပ် ရမယ် ” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmanerက ပြော ကြားသည်။
ဓာတ်ပုံ- အမောင်းသင်လေယာဉ်နှင့် ဟန်းရေးပြနေသည့် အကြမ်းဖက် မင်း အောင် လှိုင်။