By ရန်ကုန်ခေတ်သစ်
“မြန်မာနိုင်ငံမှာ အခုဆိုရင် အင်တာနက် ပြတ်တောက်တာတွေ လိုင်းမမိတာတွေရှိနေပြီး တချို့နေရာတွေ မှာဆိုရင် အင်တာနက်ဈေးကြီးတာတွေရှိနေတာကြောင့် ညီတူညီမျှတဲ့ ပညာရေးမရကြဘူး အဲဒါကြောင့် အင်တာနက် မလိုဘဲ အွန်လိုင်းကစာသင်လို့ရအောင် နည်းပညာသုံးထားတဲ့ eduLamp Box ကိုဖန်တီးရခြင်းဖြစ်တယ်။”
တိုက်ပွဲဖြစ်ပွားရာဒေသက စစ်ဘေးရှောင်တွေနဲ့ အင်တာနက် ဖြတ်တောက်ခံထားတဲ့ ဒေသတွေကလူငယ်တွေကို ပညာသင်ကြားခွင့် မဆုံးရှုံးစေလိုတဲ့ရည်ရွယ်ချက်နဲ့ အင်တာနက်မလိုဘဲ ပညာသင်ကြားနိုင်မယ် အွန်လိုင်း စာသင်ခန်းတစ်ခုဖြစ်တဲ့ “ eduLamp – ပညာမီးအိမ်” ကိုပြင်ဆင်နေပါတယ်။အဲဒီပညာမီးအိမ်ကို မြန်မာနိုင်ငံ က အင်တာနက်မရရှိတဲ့ နေရာဒေသတွေနဲ့ လျှပ်စစ်မီးမရတဲ့ နေရာဒေသတွေကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။
“eduLamp – ပညာမီးအိမ်” ကနေ အင်တာနက်မရှိဘဲ အွန်းလိုင်းကနေဘယ်လိုသင်ယူမလဲ ဘယ်လို ဘာသာရပ်တွေကို သင်နိုင်ယူနိုင်မှာပါလဲ။ စတဲ့အကြောင်းအရာတွေကို သိရအောင် ဦးဆောင်သူတစ်ဦးနဲ့ မေးမြန်းထားပါတယ်။