By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ် နဲ့ လေကြောင်းဆိုင်ရာအစိတ်အပိုင်းတွေ တင်သွင်းပေးနေတဲ ကုမ္ပဏီ ၆ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
-စစ်အာဏာရှင်ဆန့်ကျင်ရေးဦးဆောင်လှုပ်ရှားသူကို စစ်တပ်က ကြိုးပေးကွပ်မျက်ဖို့ ကြံစည်နေတာကိုအမြန်ဆုံး တားဆီးဖို့ MM Spring အရပ်ဘက်လူထု အင်အားစုများအစုအဖွဲ့က နိုင်ငံတကာအစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။
– မုံရွာ-စစ်ကိုင်းလမ်းပိုင်းမှာ မုံရွာကနေစစ်ကိုင်းကို ဆင်းလာတဲ့ စစ်ကား ၇ စီးပါ ယာဥ်တန်းကို ဇွန်လ ၁၆ ရက်နေ့က ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU တပ်ဖွဲ့ဆီက သိရပါတယ်။
-တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာကို စစ်တပ်က ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီမှာ ဝင် ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူ ဒေါ် နွယ်နီဌေးနဲ့ ဒေါ်သန်းဌေးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။