28 C
Yangon

အထူးစုံစမ်စစ်ဆေးရေးဦးစီးဌာန၏ သတင်းများပေါက်ကြားမှု ပြည်ထဲရေး ဝန် ထမ်း ၂ ဦးကို ဖရဲသီးလုပ် သတင်းပေးသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ် တပ် က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၁၇

နေပြည်တော် ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်စစ်ဆေးရေးဦးစီးဌာန၏ သတင်းများပေါက်ကြားမှု ပြည်ထဲရေးဝန်ထမ်း ၂ ဦးကို ဖရဲသီးလုပ် သတင်း ပေး သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရ အရာရှိ ကြီး များကို စွပ်စွဲ ပြစ်တင် အမှု လိမ်လည် တည်ဆောက်ရာတွင် အဓိက ပါဝင်ခဲ့ သော သတင်းများ ပေါက်ကြားပြီးနောက် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်ရာမှ အရာရှိငယ် ၁ ဦးနှင့် ရဲ ၁ ဦး အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစစ ဖရဲသီးဆိုပြီး စစ်ဆေးတွေ့သူ ၂ ဦးသွားပြီ။ တစ်ဦး ရဲမှူးကြီး( ငြိမ်း) လည်း ဖြစ်တဲ့ စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့သူရဲ့ သား စသုံးလုံး ဦးစီး အရာရှိပဲ။ နောက်တစ်ဦးကတော့ ကြက်ခြေနီညွန်ကြားရေးမှူးရဲ့ သားမက်၊ သူက တော့ ရဲတပ်ကြပ်(ပတ်စ်ပို့ဌာန)က အသေးစိတ်မပြောချင်တော့ဘူး။ ဖုန်းသိမ်းတယ်။ ဖမ်း‌ပြီး စစ်ဆေးနေတယ်။ သက်သေတွေ တွေ့တယ် ပြော တယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန လက် အောက် ရှိ ဌာနတိုင်းတွင် ဖရဲသီးများ ဖမ်းဆီးရန်နှင့် ဌာနတွင်း သတင်းများ ပေါက်ကြားမှု မရှိစေရန် စီမံချက်ချ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဇွန်လအတွင်း မကွေးတိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဒုတိယညွှန်ကြား ရေးမှူး ချုပ် ဝင်းရှိန်ကိုလည်း ခေတ်သစ် သတင်းဌာနထံ သတင်းများ ပေးပို့ သည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပေါက်ကြားမှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ဌာနတွင်း အစည်းအဝေး တစ်ခု မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article