25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-နေပြည်တော် ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရဲ့ သတင်းများ ပေါက်ကြား မှုအတွက် ပြည်ထဲရေးဝန်ထမ်း ၂ ဦးကို ဖရဲသီးလုပ် ၊သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင် စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ပြည်ထဲ ရေး ဝန်ကြီးဌာန သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– မန္တလေးမြို့ပေါ် ၂၆ လမ်း၊ ၆၂ လမ်း နဲ့ ၆၃ လမ်းအကြားက KBZ ဘဏ်ကို ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်ဆိုပြီး ၊ စစ်ကောင်စီတပ် က တစ်မြို့လုံးကို ပတ်ဆို့ စစ်ဆေးနေတယ်လို့ ၊ မန္တလေးမြို့ ခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရန်ကုန်၊ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အစာငတ် ဆန္ဒပြမှုကြောင့် ရိုက်နှက် ခံရပြီး တိုက်ပိတ် ခံထားရတဲ့အပြင် ၊ ဒဏ်ရာတွေ အပြင်းအထန် ရရှိထားတယ်လို့ နိုင်ငံရေးအကျဉ်းသား တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်ကို‌ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာအနီးမှာ သစ်ဖောင်တွေကို ဆက်ကြေးကောက်ခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲစက်လှေ အချင်းချင်း ပစ်ခတ်မိပြီး ၊ ရဲ ၁ ဦး နဲ့ သတင်းပေး ၁ ဦး သေဆုံးခဲတဲ့သတင်းအပါအဝင်နောက်တုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article