ရန်ကုန်၊ ဇွန် ၁၇
ရန်ကုန်မြို၊ လှည်းတန်း၊ မာလာမှတ်တိုင် လူကူးတံတားတွင် “ပွင့်မယ့် ပန်းတွေ မနွမ်းစေဖို့ စစ်အာဏာရှင် ဖြုတ်ကြစို့ ” စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျောင်းသားလူငယ်များက ချိတ်ကြသည်။
မီးရှို့အသတ်ခံရသည့် CDM ဆရာမ၏ ဗိုက်ထဲမှ ၅ လသားအရွယ်ကလေးငယ်၊ အင်းစိန်ထောင်ထဲတွင် နေ့စေ့လစေ့နိုင်ငံရေးအကျဉ်းသူ ဆေးရုံအချိန်မီမသွားနိုင်၍ ကလေးငယ် သေဆုံးရမှုကို ရည်ညွှန်းပြီး အဆိုပါ စာသားကို ချိတ်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပြည်သူများ ပါဝင်ကြရန် လှုံ့ဆော်ရခြင်းဖြစ်ကြောင်း သိရှိရသည်။



