By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်အရာရှိကြီးဟောင်းတွေ ဦးဆောင်ကြီးစိုးထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အလိုကျ လုပ်ဆောင်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဝန်ကြီးတွေကို အဓိကပစ်မှတ်ထား လိမ်လည်လုပ်ကြံ အမှုဆင်မှုတွေ ဆက် တိုက်လုပ် ဆောင်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
-ရန်ကုန်မှာ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်ရင် စစ်အုပ်စုကို မုချလက်တုံ့ပြန်ရေးကမ်းပိန်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်က နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်ကို PDF က ဖမ်း ဆီးလာစဉ် လက်နက်လုယူ ဖို့ ကြိုးပမ်းလို့ ပစ်ခတ်ရာကနေ သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေက်ုတင်ဆက်ပေးပါမယ်။