By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ဘက်ကနေ မြင်းမူမြို့နယ်ကို ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၈ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဇွန်လ ၁၇ ရက်နေ့ မနက် ၁၁ နာရီကျော် လောက်မှာ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဇွန်လ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားပြီး ၊ စစ်ကောင်စီဘက်က အယောက် ၄၀ ထက်မနည်းသေဆုံးခဲ့တဲ့အပြင် ၊ PDF အဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ ကသာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
-အကြမ်းဖက်စစ်ကောင်စီလက်အောက် တပ်ရင်း၊ တပ်ခွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စိတ်ဓါတ် တွေကျဆင်းနေပြီး၊ မိမိကိုယ်ကို သေကြောင်း ကြံလို ကြတဲ့ စစ်သားတွေ ရှိနေကြောင်း နဲ့ အဲ့ဒီ တပ်သားတွေအနေ နဲ့ စစ်ကောင်စီကို စွန့်ခွာပြီး ၊ ပြည်သူ နဲ့ ပူးပေါင်းကြဖို့ CDM တပ်သား ဖိုးထောင်က တိုက်တွန်းပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။