25 C
Yangon

ကျောက်ပန်းတောင်းတွင် စစ်တပ်က UG ရဲဘော် ကိုမင်းသူမောင်မောင်ကို ပစ် ခတ်သတ်ဖြတ်၊ အရပ်သား လူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၁၈

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်တွင် Mandalay Independent Association အဖွဲ့မှ ရဲဘော် ကိုမင်းသူမောင်မောင်ကို စစ်တပ်က ပစ်ခတ်သဖြင့် ကျဆုံး သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာ ရပ်ကွက် ဓမ္မရုံလမ်းကြားတွင် အိမ်ငှားနေသူ Mandalay Independent Association အဖွဲ့မှ ရဲဘော်မင်းသူမောင်မောင်ကို ပစ်သတ်လိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ခြင်းမရှိသော အရပ်သားလူငယ် ၆ ဦးကိုလည်း ဖမ်းဆီး သွား ကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသော သာမန် အရပ်သားလူငယ် ၆ ဦးမှာ မထက်ယုမွန်၊ မဂျင်း နီ၊ မစုနန္ဒာမြင့်၊ ကိုဝင်းမင်းဠေး၊ ကိုဇာနီကျော်နှင့် ကိုဇေရာမြင့်တို့ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် သတ်ဖြတ်ခဲ့သော ကိုမင်းသူမောင်မောင်သည် သေနတ်ကျည် ၂ ချက် ထိမှန်ကာ ဆေးကုသမှု မရရှိသောကြောင့် ဇွန်လ ၁၆ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ကျဆုံးသွားကြောင်း သိရသည်။

ဓာတ်ပုံ- ကျဆုံးရဲဘော် ကိုမင်းသူမောင်မောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article