ရန်ကုန်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အင်အား ၂၅ ဦးပါ စစ်ကြောင်းကို ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် စစ် သား ၃ ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ ၁၈ ရက်နေ့ မူးဂွကျေးရွာမှထန်းပင်ဆိပ်ရွာသို့လာသော စစ်သား ၂၅ ဦးပါ စစ်ကြောင်းကို Guerrilla Warfare – KPKတပ်ဖွဲ့၊ People Liberation Army (PLA) နှင့် ပလဖ အဖွဲ့များက ပူးပေါင်းပြီး ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်မှ ၇ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗိုလ်တစ်ဦးနှင့် စစ်သား ၂ ဦး သေဆုံးကြောင်း သိရှိရသည်။
“အဲဒီစစ်ခွေး စစ်ကြောင်းကို ပထမတစ်ကြိမ်က မိုင်းဆွဲတာ။ဒုတိယတစ်ကြိမ်က လက်နက်ကြီးနဲ့ပစ်တယ်” ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံဆွယ်တော်ဦး စားသောက်ဆိုင်တွင် ဇွန်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် သောက်စား မူးရူးနေကြသည့် စစ်သားများနှင့် ပျူစောထီးများကို Monywa Nightking ၊ MACT Team & DPRA တို့က မိုင်းနှစ်လုံး ပစ်သွင်းတိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Monywa Nightking က ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
“အဲဒီဆိုင်မှာ စစ်သားတွေပဲ ထင်တိုင်းကျဲနေတာ။ မိုင်းပစ်လိုက်တော့ ၁၂ ဦးက ပွဲချင်းပြီး ၃ ဦးက သွေးထွက်လွန်တယ်။ လူနာတင်ကားနဲ့ လာခေါ်တာကို မြင် လိုက်ရတယ်။ အဲဒါကို မြင်တဲ့ မျက်မြင်သက်သေတွေလည်း ရှိပါတယ်” ဟု DPRA ရဲဘော်တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း။
Photo- Agency။