ရန်ကုန်၊ ဇွန် ၁၉
ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ရန်ကုန်တွင် Yangon Revolution Force – YRF (Soft Strike Community)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ Revolution Force – RF၊ ဗမာ့လူငယ်ကွန်ရက်နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် ဆန္ဒပြခဲ့ကြသည်။
ယနေ့ ပြောက်ကျားသပိတ်ချီတက်မှုတွင် “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြကြသည်။
Photo – AAMIJ