ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် သန်းဇော်ထွန်းသည် ယနေ့ မုံရွာ မြို့ပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရ သည်။
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သန်းဇော်ထွန်းသည် မုံရွာမြို့ပေါ် ချမ်း မြဝတီရပ်ကွက် နှင်းဆီလမ်းတွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်ကျည်ဖောက်ဒဏ်ရာဖြင့် ပွဲချင်းပြီး ကားပေါ်တွင်ပင် သေဆုံး သွား ကြောင်း သိရှိရသည်။
“သူကားမောင်းနေတုန်း ဘေးကနေ ဆိုင်ကယ်နဲ့ ချိန်ပြီး သေချာပစ်သွားတာ။ ပွဲချင်းပြီး သေပါတယ်။ အခုတော့ မြို့ပေါ်မယ် ခွေးတွေ လှည့်နေတယ်” ဟု မုံရွာ မြို့ခံတစ်ဦးက ပြောဆိုသည်။
အလားတူ ဇွန်လ ၁၆ ရက်နေ့ သထုံလေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ် သား တစ်ဦးသည် သထုံမြို့နယ် ညောင်းချောင်းကျေးရွာတွင် လုံခြုံရေးကင်း တာဝန်ကျနေစဉ် အိပ်ငိုက်ပြီး ၎င်း၏ သေနတ်မောင်းခလုတ်ကိုဆွဲမိကြောင်း၊ ကျည်ဆန်သည် စစ်သား၏ မေးစေ့မှ ကျဉ်ပေါက်ထွက်ပြီး ခေါင်းပွင့် ပြီး သေသွားကြောင်း သထုံ PDF သတင်းရင်းမြစ်နှင့် ပရဟိတနာရေး အသင်း များ ထံမှ သိရှိရသည်။
ဓာတ်ပုံ- ယနေ့ နံနက် သေဆုံးသွားသော စစ်ကောင်စီခန့် မုံရွာခရိုင် အုပ်ချုပ် ရေး အဖွဲ့ဝင် သန်းဇော်ထွန်း။