ရန်ကုန်၊ ဇွန် ၁၉
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ပြည်သူများနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အသက် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မွေးနေ့ဆုတောင်းပွဲကို
ယနေ့နံနက်ပိုင်း ကနီမြို့နယ် ကျေးရွာ နှစ်ရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
၄င်းနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူသည်သာ အဓိက ၊ အပီတွယ်မယ် ကနီနယ် ၊ စာသားများကိုင်ဆောင် ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြသည်။
၄င်းနောက် မုံရွာ-ယာကြီး-ကလေးဝ-ယင်းမာပင်-ကနီလမ်းမပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော် ချီတတ်ဆန္ဒပြရင်း အမေစု မွေးနေ့ အမှတ်တရ ဆုတောင်း ကြွေးကြော်ကြသည်။
Photo-ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု