26.8 C
Yangon

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၁၉

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ကိုရီးယား NUG ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ကာ NUG SUPPORT TEAM KOREAမှ ပူးပေါင်းဆောင်ရွက်ပြီး ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကိုရီးယားအဖွဲ့အစည်းများက ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် NUGဘွန်း၊ EODရောင်းချခြင်း
တော်လှန် T-Shirt ရောင်းချခြင်း One Day Challenge မန်ဘာ စုဆောင်းခြင်း စစ်ဘေးရှောင် ပြည်သူများဘဝနှင့် တော်လှန်ရေး ဓာတ်ပုံများ ပြသခဲ့ပြီး နွေဦးတော်လှန်ရေး အတွင်း ကျဆုံးခဲ့သော ဒီမိုကရေစီ သူရဲကောင်းများအား ဦးညွှတ် အလေးပြု ဆုတောင်းခြင်းများပါ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ၊ လွတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ တက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လက်တွေ့စီရင်မည်ဆိုသည့် ခြိမ်းခြောက်မှုသည် အယုတ်မာဆုံး နိုင်ငံရေးပြန်ပေးဆွဲမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြကာ အရေးတော်ပုံအောင်ရမည်ဟုကြေးကြော်ကာ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ပြီးဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article