ရန်ကုန်၊ ဇွန် ၂၀
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇွန်လ ၁၉ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သော လူထု ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ တက်ရောက်သူ ၂၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့ပွဲမှ ရရှိလာမည့် အလှူငွေများကို မြန် မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသရှိ မီးဘေးသင့် စစ်ဘေးရှောင် ပြည်သူများထံသို့ တိုက်ရိုက်ပေးအပ်လှူဒါန်း သွား မည်ဖြစ်ပြီး NUG အစိုးရသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံသို့လည်း လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည် ။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွင် အမှတ်တရအဖြစ် စတုဒိသာအလှူများ ၊တော်လှန်ရေးပုံရိပ်များထင်ဟပ်စေသည့် ဓါတ်ပုံပြကွက်များ ၊စိတ်ဓါတ်ခွန်အား ဖြစ်စေမည့် ဖျော်ဖြေတက်ဆက်မှုများ၊ မွေးနေ့ဆုတောင်းနှင့် မြန်မာယဉ် ကျေးမှု ကိုဂျပန်နိုင်ငံသားများသိရှိနိုင်ရန်မိတ်ဆက်ပေးမှုများစွာဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီ “ခွန်အားဖြည့် မိငယ်”သီချင်းကို အတူတကွသီဆိုရင်း ပွဲကိုပိတ်သိမ်းခဲ့ကြသည်။