31 C
Yangon

ဂန့်ဂေါမြို့နယ်ရှိ ပနန်းရွာ၊စံပယ်ရွာ၊စင်ပုံရွာ၊ယင်းမာရွာများသို့ အကြမ်းဖက် စစ်ကောင်စီဝင်များ ဝင်ရောက်၊ ပြည်သူပိုင် ပစ္စည်းများ ခိုးယူကာ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပနန်းရွာ၊စံပယ်ရွာ၊စင်ပုံရွာ၊ယင်းမာရွာများသို့ အကြမ်းဖက် စစ်ကောင်စီဝင်များ ဇွန် ၁၉ ရက်နေ့နှင့် ဇွန် ၂၀ ရက်နေ့တို့တွင် ဝင်ရောက်ကာ ပြည်သူများနေအိမ်ကို ဖျက်ဆီးခြင်း၊ ပစ္စည်းများ ခိုးယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

” ၁၉ ရက်နေ့ မနက်ပိုင်းမှာ ပနန်းရွာနဲ့ စပါယ်ရွာတွေကို သေနတ်ပစ်ဖောက် လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေ မွှေနှောက်ပြီး စားနပ်ရိက္ခာတွေ၊ အဝတ်အထည်တွေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူသွားကြပါတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် လူနေအိမ်များတွင် ထွက်မပြေးနိုင်သည့် အဘိုး၊ အဘွားများ အိမ်မှာရှိနေသော်လည်း သေတ္တာများ၊ မှန်ဗီဒိုများ ရိုက်ခွဲကာ ငွေများ၊အဝတ်အထည်များ ဆန်၊ဆီများကို မတရားလုယက် ယူသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်မူ အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ စင်ပုံရွာနှင့် ယင်းမာရွာ များသို့ ဝင်ရောက်သွားပြီး မီးခိုးလုံးများကို လှမ်းတွေ့ရကြောင်း ပျက်စီးဆုံးရှုံးမှုကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင်မူ အကြမ်းဖက် စစ်ကောင်စီ တပ်များသည် စပယ်ရွာဘုန်းကြီးကျောင်းနှင့် ပနန်းဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင်များ ရွာထဲ ပြန်မဝင်ရန်နှင့် ပြန်ဝင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပနန်းရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်လာကြတဲ့ ဆိုင်ကယ်တွေကို အကုန် လု သွားပါတယ်။ လူတွေကို ဘုန်းကြီးရှေ့မှာ ပြားပြားဝပ်မှောက်ခိုင်းပါတယ်။ဘုန်းကြီးကျောင်းရှိ ပစ္စည်းတွေ မွှေသွားပါတယ်။ လူခန္ဓာကိုယ်မှာ ရှိသမျှ ပစ္စည်းတွေလည်း အကုန် လုယက် သွားပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင်များသည် ပနန်းရွာဘုန်းကြီးကျောင်းမှ ထွက်သွားပြီး အနီးအနားဝန်းကျင်တွင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article