ရန်ကုန်၊ ဇွန် ၂၀
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ချန်ရစ်ထားခဲ့သော ၄၀ -မမ ဗုံးသီး ပေါက်ကွဲမှုကြောင်း အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံမောင် နှင့် မောင်မင်းထွဋ်ဇော်တို့ သေဆုံးသွားကြောင်း ဒေသခံများနှင့် PDF-ဂန့်ဂေါ ထံမှ သိရှိရသည်။
ဇွန်လ(၁၉)ရက်နေ့၊ညနေ(၅)နာရီခန့်တွင် ကန်ရွာအနောက်ဘက် ကျောက်ဂူ တော ရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ခဲ့သော ၄၀-မမ ဗုံးသီး ပေါက်ကွဲမှုကြောင့် မောင်ပြည့် စုံ မောင်-အသက် ၇နှစ် နှင့် မောင်မင်းထွဋ်ဇော်-အသက် ၇နှစ် တို့သေဆုံး ခဲ့ ကြောင်း ဂန့်ဂေါ PDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
စစ်ကောင်စီစစ်ကြောင်းတစ်လျောက် တောတိုက်များအတွင်း၌ သော်လည်း ကောင်း ၊ကျေးရွာများအတွင်း၌ သော် လည်း ကောင်း ရည်ရွယ် ချက်ရှိရှိ ချန် ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ၊ ယင်းတို့ပစ်ခတ်စဉ် မပေါက် ကွဲ၍ ဖြစ်စေကျန်ရစ်ခဲ့သော ဗုံးသီးများနှင့် အန္တရာယ် ရှိသည့် ပစ္စည်းများ ကို တွေ့ရှိ ပါက ကိုင်တွယ်ခြင်းများမပြုလုပ်ကြပါရန်နှင့် ကလေးမိဘများအနေဖြင့် ကလေး များ ကိုင်တွယ်ကစားခြင်းများမပြုကြရန်အထူးမှာကြားထားရန်လိုအပ် ကြောင်း၊ ဗုံးသီးနှင့် လက်နက်ခဲယမ်းများ တွေ့ရှိပါက မြို့နယ် အတွင်းရှိ ကာ ကွယ် ရေးအဖွဲ့များသို့ချက်ချင်းအသိပေးအကြောင်းကြားပေးကြပါရန်PDF-GanGaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါခရိုင်တပ်ရင်း(၁)က သတိ ပေး ချက် ထုတ်ပြန်သည်။