27 C
Yangon

မန္တလေး ရဲသင်တန်းကျောင်း ဗုံး ပစ်ခံရ၊ ငွေတောင်းနေသည့် စစ်သားနှင့် ယာဥ် ထိန်းရဲတချို့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးနိုင်၊ ရွှေပြည်သာရဲတပ်ရင်း ၆ တွင်လည်း သေနတ်သံများ ဆက်တိုက်ထွက်ပေါ်

Must read

ရန်ကုန်၊ ဇွန် ၂၀

မန္တလေးမြို့ ၁၃၄၊ ၁၃၅× ၅၈ လမ်းရှိ ရဲသင်တန်းကျောင်းနှင့် ၁၃၃၊ ၅၇×၅၈ လမ်းရှိ စစ်သားနှင့် ယာဥ်ထိန်းရဲများ ငွေတောင်းနေသည့် နေရာကို ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် DRM Rangers Mandalay တပ်ဖွဲ့က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးနှင့် ယာဥ်ထိန်းရဲ ၁ ဦး သေဆုံးနိုင်ကြောင်း DRM Rangers Mandalay ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရဲသင်တန်းကျောင်းကို DRM တပ်ဖွဲ့က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော ဖြစ် စဥ် တွင် ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိသော်လည်း သေဆုံးမှု အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

စစ်သားနှင့် ယာဥ်ထိန်းရဲများ ငွေတောင်း ခံနေသော နေရာကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော ဖြစ်စဥ်တွင် စစ်သား ၁ ဦးနှင့် ယာဥ်ထိန်းရဲ ၁ ဦး အပြင်း အထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ခြေများကြောင်း DRM Rangers Mandalay တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ရွှေပြည်သာ ရဲတပ်ရင်း ၆ ဘက်တွင်လည်း ယနေ့ ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် သေနတ်သံ အချက် ၂၀ ကျော် ဆက်တိုက် ကြားရကြောင်းဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ရွှေပြည်သာ အမှတ် ၆ ရဲတပ်ရင်း မှ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article