29 C
Yangon

ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်သားနှင့်ရဲများ ပစ်ခတ်ခံ ရပြီး နောက် Non CDM ဝန်ထမ်းများ အားလုံးကို လုံခြုံရေးကင်းစောင့်ခိုင်း

Must read

ရန်ကုန်၊ ဇွန် ၂၁

မကွေးတိုင်း၊ ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသော စစ် ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများ ဇွန်လ ၁၂ ရက်နေ့တွင် ပစ်ခတ်ခံရပြီး နောက် Non CDM ဝန်ထမ်းများအားလုံး ချောက်မြို့နယ်တွင် ကင်းစောင့်ခိုင်း ကြောင်း ဝန်ထမ်းများထံမှ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ချောက်မြို့နယ် PDF က မြန်မာ့စီးပွားရေးဘဏ် လုံခြုံ ရေး အစောင့် စစ်တပ်နှင့်ရဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းကဲ့ သို့ ဝန်ကြီးဌာန ဝန်ထမ်းများကိုပါ လုံခြုံရေး ကင်းစောင့်ခိုင်း ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရတယ်။ သေတော့ မသေ ဘူး။ အခု ချောက်မှာ ဝန်ကြီးဌာန ဝန်ထမ်းတွေ စစ်ကားနဲ့ ကင်းလှည့်ရင် လိုက်ရ တယ်။ အလှည့်ကျ ကင်းလှည့်ရတယ်။ တံတားဂိတ်စောင့်ခိုင်းတယ်။ မီတာရုံး ကင်းစောင့်ခိုင်းတယ်။ စစ်တပ်၊ ရဲနဲ့ တွဲဖက်ပြီး စောင့်ရတာ ။ အမျိုး သမီး တွေတော့ မပါဘူး။ အမျိုးသားတွေ အဓိက စောင့်ခိုင်းတာ။ အမျိုးသမီး တွေက တော့ ရုံးအဝင်အထွက် လူစစ်ရုံလောက်ပဲ” ဟု ချောက်ဝန်ထမ်း အသိုင်း အ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။

ချောက်မြို့နယ်တွင် အခြားမကွေးတိုင်းမှ မြို့နယ်များနည်းတူ PDF များ ဝင်ရောက်လာနိုင်သည်ဆိုသော စိုးရိမ်ချက်များဖြင့် ရဲစခန်း၊ စစ်တပ်နှင့် ထွေ/အုပ် ရုံးများတွင် လုံခြုံရေးအတွက် အကြီးအကျယ် ပြင်ဆင် နေရာချ ထားမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးတိုင်းစစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦး ယမန်နှစ် ချောက် မြို့သို့ ရောက်ရှိပြီး လုံခြုံရေး အသင့်ရှိကြရန် လိုက်လံ စစ်ဆေးသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article