28 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကား အစီး ၁၀၀ ပါယာဥ်တန်းနှင့် ရှေ့ပြေးကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၁

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကား အစီး ၁၀၀ ပါ ယာဥ်တန်းနှင့် ရှေ့ပြေး ကား များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထက် မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ (MRA)ထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်အချိန် မုံရွာ-မန္တလေး လမ်းပိုင်းမှ ဖြတ်သန်းမည့် စစ်ကား အစီး ၁၀၀ ပါယာဥ်တန်းကို လုံခြုံရေး ယူရန် ရှေ့ပြေး ထွက်ခွာ လာ သော စစ်သား ၁၅ ဦး တင်ဆောင်လာသည့် Canda ကား ၁ စီးကို MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ မှ ချောင်းဦးနှင့် မြင်းမူမြို့နယ် အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြေနဲရွာနှင့် မင်းရွာ အကြား တွင် စစ်ကား အစီး ၁၀၀ ပါယာဥ်တန်းကို MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ မှ ပဒေသာ မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကင်းပုန်းဝပ်နေသော စစ်သားများကို စစ်ယာဥ်တန်းပေါ်မှ စစ်သားများက အော်ဟစ် ဆဲဆိုသွားပြီး သေဆုံးစစ်သား ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို အိမ်စီးကားဖြင့် သယ်ဆောင် သွား ကြောင်း သိရသည်။

မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ စစ်ကား အစီး ၁၀၀ ပါယာဥ်တန်းကို ချောင်းဦး နှင့် မြင်းမူမြို့နယ် အကြားတွင် MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ မှ ပဒေသာမိုင်း ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး MRA တပ်ဖွဲ့ဝင်များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- မြောင်MRA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article