35 C
Yangon

သထုံအခြေစိုက် အမတ ၄၀၂ တပ်ရင်းမှ တပ်သား ထွန်းထွန်း လက်နက်နှင့်တကွ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄၀၂ အမြှောက်တပ်ရင်းမှ တပ်သား ထွန်းထွန်းသည် ဇွန်လ ၂၀ ရက်၌ သထုံခရိုင် PDF တပ်ရင်း ၂ ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

တပ်သားထွန်းထွန်းသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင် PDF တပ်ရင်း ၂ ထံမှ သိရှိရသည်။

သထုံအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁ ခုမှ တပ်သား ၆ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးရာတွင် ၁ ဦးမှာ ပြန်လည် ဖမ်းဆီးခံရပြီး ပစ်သတ်ခံလိုက်ရကြောင်း သထုံခရိုင် PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article