34 C
Yangon

ပွင့်ဖြူတွင် PDF များ လိုက်ပါသော ဖောကားတိုက်ခိုက်ခံရပြီး ၁၂ ဦးကျဆုံးကာ ဒဏ်ရာများဖြင့် ၃ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၂၂

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း မဲဇလီတံတားတွင် PDF များလိုက်ပါသော ဖောကား တစ်စီး တိုက်ခိုက်ခံရပြီး PDF ၁၂ ဦးကျဆုံးကာ ဒဏ်ရာများဖြင့် ၃ ဦး ဖမ်းဆီးခံရကြောင်း ရဲသတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ နံနက် PDF များ လိုက်ပါသော ဖောကားကို စစ်တပ်မှ ဗိုလ်မှူး မင်းပိုင်စိုးအဖွဲ့က စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ ယာဉ်မှာ ပေါက်ကွဲပျက်စီးသွားပြီး ကားပေါ်ပါ PDF ၁၂ ဦးကျဆုံးကြောင်း၊ ၃ ဦး အရှင်ဖမ်းမိသော်လည်း ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရ သည့်ဒဏ်ရာများရရှိကာ အခြေအနေစိုးရိမ်ရကြောင်း၊ ပွင့်ဖြူမြို့နယ်ရဲမှူး ဝင်းဦးအဖွဲ့က လာရောက်စစ်ဆေးကြောင်း သိရှိရသည်။

ဖောကားပေါ်တွင် လက်နက် ၂၅ လက်ပါရှိပြီး ၁၉ လက်ပျက်စီးသွားပြီး ၆ လက်မှာ အကောင်းတိုင်း ကျန်ရှိကြောင်း၊ ၄၀ မမ ဗုံးသီးလောင်ချာမှာ ပျက်စီးပြီး စစ်တပ်နှင့်ရဲက အလောင်းများနှင့် လက်နက်များကို သိမ်းဆည်းကြောင်း၊ ယင်းမဲဇလီတံတားတွင် လုံခြုံရေးများ တင်းတင်း ကျပ်ကျပ် ချထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article