35 C
Yangon

ကောလင်းတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို အများပြည်သူအရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Kawlin Revolution အဖွဲ့ထံမှ သိရှိရသည်။

NUG က တရားဝင်ဖွဲ့စည်းပေးထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက ဖမ်းဆီးရမိခဲ့သော ဆပ်ပြာခွက် ၁၂၈ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် မူးယစ်ဆေးဝါးများကို ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Photo – KR team

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article