28 C
Yangon

ဝက်လက်၊ ကမ်းဖြူရွာနှင့် မှော်ဦးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူရွာနှင့် မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကမ်းဖြူရွာကို ယနေ့ နံနက်ပိုင်းတွင် မီးရှို့ ဖျက်ဆီး နေခြင်းဖြစ်ပြီး မှော်ဦးရွာကို ယနေ့ မွန်းလွဲပိုင်းတွင် ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” ကြက်တူရွေးဘက်ကနေ ဝင်လာတဲ့ စစ်ခွေး စက်လှေ ၄ စီးနဲ့ ကာကွယ်ရေး အဖွဲ့တွေ နံနက်ပိုင်းလောက်က တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ ခွေး စက်လှေ ၂ စီးက ကမ်းဖြူရွာကို မီးဝင်ရှို့တယ်။ မွန်းလွဲပိုင်းမှာ မှော်ဦးရွာကို မီးထပ်ရှို့နေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စက်လှေ ၄ စီးကို GZ Special Task Force – Wetlet တပ်ဖွဲ့ကလည်း နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကာ ကမ်းဖြူ ရွာကို မီးရှို့ ဖျက်ဆီးပြီး ကမ်းဖြူရွာအတွင်းမှ‌ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင် မှော်ဦးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း Special Task Force – Wetlet တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကမ်းဖြူရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article