ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာ အနောက်ဘက် မူးချောင်း တံတား အနီး တွင် ခင်ဦးမြို့မှ ထွက်လာသော ရေဦးရဲစခန်းမှ ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲ ၁၁ ဦးလိုက်ပါလာသော ဖောကား ယနေ့ နံနက်ပိုင်း ၉ နာရီ ၃၀ မိနစ်အချိန် တွင် ပစ်ခတ် တိုက် ခိုက်ခံရပြီး ကားပေါ်ပါသူ ရဲ ၁၁ ဦးလုံး အားလုံး သေဆုံး သွား ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ များထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦး-ရေဦးလမ်း မြင်းဒေါင်း ကျေးရွာတွင် လမ်း ကြေးကောက် ပြီး ခင်ဦးဘက်သို့ မြေသယ် စကပ်ကားဖြင့် ပြန်လာသော ဒုရဲမှူး စိုးထွဋ်ခိုင်အပါဝင် ရဲ ၁၁ ဦးကို ခင်ဦးကံသစ် တံတား အနီးတွင် ခင်ဦး ပကဖနှင့် ခင်ဦး နယ်မြေခံ ကာကွယ် ရေးအဖွဲ့များက တိုက်ခိုက်ရာ အားလုံး သေဆုံးပြီး လက်နက် ၁၁ လက်ကို သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း၊ အသေးစိတ် ဆက်လက် ထုတ်ပြန် မည်ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများက ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။







