30 C
Yangon

ရေတာရှည်မြို့နယ်၊ ဂွေးသဲကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် NTDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်မှ အရာရှိအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၂

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဂွေးသဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် သံတောင်မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ NTDF တို့ ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၁၁ နာရီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း NTDF ထံမှ သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို NTDF က လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NTDF ဒုတိယတာဝန်ခံ ဦးမုတ်ဆိတ်က ပြောသည်။

“စစ်ကြောင်း တက်လာတဲ့သတင်းအရ ကြိုတင်စောင့်ပြီး လက်ဦးမှု ရယူ တိုက်ခိုက်နိုင်ခဲ့တယ်၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်” ဟု ဦးမုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲသည် ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး NTDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီး ကျည်စ ထိမှန်ပြီး ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့ကြောင်း NTDF ထံမှ သိရှိရသည်။

ဓါတ်ပုံ – NTDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article