26 C
Yangon

မြောက်ဦးတွင် စရဖ သုံးဦးကို AA ဖမ်းဆီး၊ မြောက်ဦးနှင့်ကျောက်တော်တွင် စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်လာ

Must read

ရန်ကုန်၊ ဇွန် ၂၂


စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို ဇွန် ၂၁ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်တွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်း ဆီး သွားခဲ့ကြောင်း မြောက်ဦးဒေသခံများက Western News ကိုပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြောက်ဦး စရဖတာဝန်ခံ သမီးဖြစ်သူ ထမင်းဆိုင်တွင် စရဖ တပ်ဖွဲ့ဝင်သုံးဦး ထမင်းစားနေစဉ် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“မြောက်ဦးက စရဖ တာဝန်ခံ ဆရာကြီးကို ဖမ်းခေါ်သွားတယ်။ နောက်ထပ် စရဖက နှစ်ယောက်ကိုလည်း ဖမ်းသွားတာပါ။ ထမင်းဆိုင်မှာ ထမင်းစား နေတဲ့အချိန်မှာ ဝင်ဖမ်းသွားတာ။ ထမင်းက စားနေတုန်း။ မပြီးသေးဘူး။ အဲ့ဒီမှာ ဖမ်းခေါ်သွားတာ။ ရုန်းရင်းဆန်ခတ်တော့ မဖြစ်ဘူး။ ဖမ်းခေါ်သွားတော့ သူတို့လည်းအေးဆေးလိုက်သွားတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို AA က ဖမ်းဆီး ပြီးနောက်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ စစ်ကား ၄ စီးဖြင့် မြောက်ဦး မြို့အတွင်းက ရပ်ကွက်အချို့ကို ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲတွင် ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်မှ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသလို ယနေ့ ဇွန်လ ၂၂ နေ့ နံနက် ပိုင်း က ကျောင်းသားအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်း ထပ်မံ ဖမ်းဆီး ထားပြီး ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

မြောက်ဦးမြို့က ရပ်ကွက်အချို့ လမ်းဆုံ၊ လမ်းခွများတွင် စစ်ကောင်စီက နေရာထားမှု ရှိသလို မြို့အဝင်အထွက်နှင့် ဘုရား၊ ပုထိုးစေတီတည်ရှိရာ တောင်ကုန်းများတွင် နေရာထားပြီး မြို့ခံများကို နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးမှုများရှိနေကာ ယနေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသည် မြို့ခံ ဦးရေ ၄၀ ထက်မနည်းရှိကြောင်း သိရသည်။

အမည်မဖော်လိုသည့် မြောက်ဦး မြို့ခံတစ်ဦးက”စစ်ကောင်စီတပ်သားတွေက မြောက်ဦးမြို့ပေါ်က လမ်းဆုံ၊ လမ်းခွရယ်၊ ပြီးတော့ ဘုရားပုထိုး စေတီတွေရဲ့ တောင်ကုန်းပေါ်တွေမှာ နေရာယူထားတယ်။ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေ တယ်။ မနေ့ညနဲ့ ဒီကနေ့ မနက်ပိုင်းရယ် ညပိုင်းအထိ ဆိုရင်တော့ ဖမ်းဆီး ခံရတာ ၄၀ ထက်မနည်းဘူးရယ်။ ဖမ်းဆီးခံရတဲ့သူတွေလည်း ပြန်လည် လွတ်လာတာမရှိသေးဘူး”ဟုပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဘီယာသောက်နေ့သည့် ကျောက် တော်မြို့မ ရဲစခန်းမှ ရဲတပ်သား ၃ ဦးကို ရက္ခိုင့်တပ်တော်က AA တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက် တော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး မြို့ခံများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များပြီးနောက်ပိုင်းတွင် ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် ကျောက်တော်မြို့အတွင်းသို့ သေနတ်ဖောက်ဝင်ရောက်လာပြီး ရပ်ကွက်များတွင် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဇွန်လ ၁၁ ရက်နေ့စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား ၇ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များမှ ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းရခြင်းမှာ စစ်ကောင်စီတပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ ကပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်းသို့ ယနေ့ ဇွန်လ ၂၂ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် သည် သေနတ်ဖောက်ဝင်ရောက်လာပြီး ရပ်ကွက်များတွင် စစ်ဆေးများ တင်းကျပ်လျှက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

အင်အား ၂၀ လောက်ရှိသည့် ရှေ့ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တော်မြို့အတွင်းသို့ သေနတ်ဖောက်ဝင်ရောက်လာ နောက်ထပ် စစ်ကား ၄ စီးသည် ထက်ကြပ်မကွာ လိုက်လာပြီး သေနတ်ဖောက်ဝင်ရောက်လာကာ ရပ်ကွက်တစ်ချို့က နေရာများတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက”ကျောက်တော်မြို့ အခြေအနေက နေ့တိုင်းထက် ပိုဆိုးပါတယ်။ ဒီနေ့ ဝင်လာတာက သေနတ်ပစ်ဖောက်ပြီး ဝင်လာတယ်။ စစ်သားအင်အား ၂၀ ခန့်ရှိတယ်။ သေနတ် ၆ ချက် ၇ ချက် လောက်ပစ်ပြီးတော့ ဝင်လာကြတယ်။ နောက်ထပ်စစ်ကား ၄ စီးနဲ့ အင်အားထပ်ဖြည့်တယ်။ မြို့အနှံ့တပ်ဖြန့်ထားပြီး စနစ်တကျ ဖမ်းဆီးစစ်ဆေးဖို့ လုပ်ဆောင်နေတာလို့ ထင်တယ်” ဟု ပြောသည်။

ကျောက်တော်မြို့ပေါ် ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ၊ကျောက်တောရပ်ကွက်စသည့်နေရာအချို့တွင် စစ်ကောင်စီက စစ်ဆေးမှု ဖမ်းဆီးများလုပ်ဆောင်နေပြီး မြို့အတွင်း ဈေးဆိုင်များနှင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်။

မြို့ခံအများစုမှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်မှုဒဏ်ကို ကြောက်၍ လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

“အခုကတော့ မြို့တွင်းမှာလည်း လူတွေမရှိတော့ဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေက လူတွေကို အိမ်ထဲထိ တိုက်ရိုက်ဝင်ဖမ်းတာဆိုတော့ ကြောက်လန့်ပြီး တိမ်းရှောင်နေကြတယ်။ ဖမ်းရတဲ့သူတွေကိုလည်း AA နှင့်ဆက်စပ်တယ်ဆိုပြီး ဖမ်းတာဆိုတော့ အကြောက်တရားများစွာနဲ့ ဒုက္ခများစွာနဲ့ တိမ်းရှောင်နေကြရပါတယ်” ဟု မြို့ခံဆိုသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အမျိုးသမီး အမျိုးသား ၃၀ ကျော် ၄၀ ခန့်ကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ကိုဇော်ဝင်း (လူထုဇော်ဝင်း) ကိုမူ မလွှတ်သေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း မိသားစု ပြောကြားချက်အရ သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဘီယာသောက်နေ့သည့် ကျောက်တော်မြို့မ ရဲစခန်းမှ ရဲတပ်သား ၃ ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်တော်မြို့တွင်းသို့ ဝင်ရောက်လာပြီး မြို့ခံများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့သည်။

ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား ၇ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြောက်ဦးမြို့များမှ ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းရခြင်းမှာ စစ်ကောင်စီတပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ က ဦးခိုင်သုခ ကပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယမန်နေ့ ဇွန်လ ၂၁ရက်နေ့မှစကာ စစ် ကောင် စီတပ်သားများက မြို့တွင်းစစ်ဆေးမှုတင်းကြပ်ထားပြီး ကျောင်းသား ၃ ဦး အပါအဝင် ဒေသခံ ၃၀ နီးပါးခန့်ကို ဖမ်းဆီးထားသည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၂၁ ညအချိန်တွင် စစ်ကောင်စီ တပ်သားများ စစ်ကား ၄ စီးဖြင့် မြို့ပတ် ကာ သွားလာလှုပ်ရှားမှုများရှိခဲ့ပြီး ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်မှ မိသားစုဝင် ၃ ဦးကိုဖမ်းဆီးထားသလို ယနေ့ ဇွန်လ ၂၂ နေ့ နံနက်ပိုင်းတွင် ကျောင်းသားအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်း ကိုထပ်မံ ဖမ်းဆီး ထားသည်ဟုသိရသည်။

ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်သားများ ၆၀ ဝန်းကျင်ခန့်က အ.ထ.က (၁)အနီးရှိ မင်းသားကျွန်းနားတွင် ဒေသခံအများအပြားကို စစ်ဆေးခဲ့ပြီး ယင်းထဲတွင် ကျောင်းလာတက်သည့်ကျောင်းသားအပါအဝင်မြို့ခံ ၅ ဦး ဖမ်းဆီးခဲ့သည်။

ယင်းနောက် နံနက် ၁၀ နာရီကျော်ခန့်မှစကာ အချုပ်ကားဖြင့် လှည့်လည်ကာ မြို့တွင်းရပ်ကွက်တစ်ချို့နှင့် မြို့ပတ်လမ်းတစ်လျှောက်မှ မြို့ခံ ၃၀ ဦး ထက် မနည်း ဖမ်းဆီးသွားသည်ဟု မြောက်ဦးမြို့ခံ တစ်ဦးကပြောသည်။

“မနက်က မင်းသားကျွန်း နားမှာ ၅ဦးဖမ်းတယ်။ မနေ့ကလည်း ညောင်ပင် ဈေးက မိသားစု ၃ ဦးဖမ်းထားတယ်။ မနက် ပိုင်း ၁ နာရီကျော်လောက်က အချုပ်ကားနဲ့ မြို့ပတ်လမ်းတစ်လျှောက်မှာတွေ့တဲ့ မြို့ခံ ၃၀နီးပါးလောက် အချုပ်ကားထဲ ထည့်သွားတယ်တဲ့။ အဲ့ဒီအထဲ ကျောင်းသား ၃ဦးလည်း ပါတယ်ပြောကြတယ်။အမျိုးသားကော အမျိုးသမီးကော ပါတယ်ပြောတယ်။ အတိအကျတော့ မသိရသေးပါဘူး”ပြောသည်။

အဆိုပါ အချုပ်ကားမှာ ၁၂ ကျော်ဝန်းကျင်က ညောင်ပင်ဈေးဖက် တွင်ရှိခဲ့ ကြောင်း လက်ရှိမည့်သည့်နေရာတွင်ရှိနေသည်ကို မသိရှိရသေးကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ မြောက်ဦးတွင် မြို့ခံများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနေသလို အ.ထ.က(၁)အနီး ၊ညောင်ပင်ဈေးရပ်ကွက်အနီးနှင့် ၅၄၀တပ်ရင်း စသည့်နေရာများတွင် စစ်ဆေးမှုများ တင်းကြပ်နေသည်ဟုသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တိမ်ညိုကျေးရွာ ရဲစခန်းမှ တပ်ကြပ်အဆင့်ရှိသူ တစ်ဦးကို AAဖက်က ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများကို စစ်တပ်က စစ်ဆေးမှုများရှိခဲ့သည်။

ယင်းပြင် ဇွန်လ ၁၁ရက် ၁၅၊၂၀ ရက်နေ့များတွင် ကျောက်တော်၊ မြောက်ဦးနှင့်ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီတပ်သားအပါအဝင် ရဲတပ်ဖွဲ့ဝင် တစ်ချို့ကို AAဖက် က ဖမ်းဆီးထားသလို စစ်တပ်ဖက်ကလည်း ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦးမြို့များမှ အပြစ်မဲ့ပြည်သူ တစ်ချို့ကိုဖမ်းဆီးထားသည်။

စစ်တပ်နှင့်AAနှစ်ဖက်စစ်ရေး တင်းမာမှုကြားတွင် မြန်မာစစ်တပ်ဖက်က ရခိုင်ပြည်သူများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေမှုအပေါ် ပြည်သူများစိုးရိမ်မှုမြင့်တက်လျက်ရှိနေသည်။

ပြီးခဲ့သည့် မေလနှင့် ယခုမေလအတွင်း မြန်မာစစ်တပ်က ရက္ခိုင့်တပ်တော်၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးနေသည့်အတွက် AAဖက်ကလည်း စစ်တပ် တပ်ဖွဲ့ ဝင်များကို ပြန်လည်ဖမ်းထားထားသည်ဟု ဇွန်လ ၁၄ရက် သတင်း ရှင်းလင်းပွဲတွင်ULA/AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောဆိုခဲ့သည်။

စစ်တပ်က AAတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် စစ်တပ်တပ်ဖွဲ့ဝင်များကို လည်း AAဖက်ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် စစ်တပ်က ရှေ့ဆက်တိုး လာလျှင် ၎င်းအနေဖြင့်လည်း လက်တုံ့ပြန်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article