25.7 C
Yangon

ကလေးမြို့တောင်ပိုင်းတွင် PDF ပူးပေါင်းတပ်များနှင့် စစ်တပ် အကြား ၅နာရီ ကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်း သေ ဆုံး၊ ယနေ့ ညနေပိုင်း ကလေး-တမူးလမ်းတွင် စစ်ယာဉ်တန်း မိုင်းခွဲခံရမှု ၂၀ ဦး သေဆုံးနိုင်

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ဟဲလုပ်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ကို PDF ပူးပေါင်းတပ်များက ယနေ့ ခြုံခိုတိုက်ခိုက်ခံခဲ့ရရာ စစ်တပ်ဘက်မှ ၁၀ ဦးကျော်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Chin land Defense Force (Kalay Kabaw Gangaw) က သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှ မွန်းလွဲ ၃ နာရီကျော် အထိ တိုက်ပွဲအချိန်ကြာမြင့်ခဲ့ပြီး ပြည်သူတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ CDF -KKG တပ်ရင်း (၃)၊ PDF Kalay ၊ Vakok/NA(CNDF) ၊ RKDF၊ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်းသေကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/ NA (CNDF) ရဲဘော်နှစ်ဦး၊ PDF Kalay ရဲဘော်တစ်ဦး ၊ စုစုပေါင်း လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး PDF Kalay မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Chinland Defense Force (Kalay Kabaw Gangaw) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

PDF ကလေးကလည်း ယနေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကလေး မြို့ဘက်မှ တမူးမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသော ကား ၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ကလေး-တမူး လမ်းမကြီး နေကျော်လေး အနီးတွင် PDF ကလေး တပ်ဖွဲ့ဝင်များက ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ကြောင်း၊ စစ်ကား ၃ စီး ထိမှန်ပြီး ကား ၁ စီးမှာ ပ်လက်လန် လွင့်ထွက်သွားကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးနိုင် ကြောင်း PDF ကလေးက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article