ရန်ကုန်၊ ဇွန် ၂၂
မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၂၂ ရက်နေ့ ရရှိထားသော သတင်းအချက် အလက် များ အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ သေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော်ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။