26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့စွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့မှာ နေပြည်တော် အချုပ်ထောင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့သိရပါတယ်။
-စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ငပွေးကြီးရပ်ကွက်မှာ နေအိမ်ကို ခွင့်နဲ့ပြန်လာတဲ့ခမရ ၁၁၁ ဝန်းသိုတပ်ရင်းမှ တပ်ကြပ်ကြီးထွန်းလင်းကို မနေ့က ၎င်းရဲ့နေအိမ်မှာ ကောလင်းမြို့နယ် ပကဖ ရဲဘော်တွေက ဝင်ရောက် ဖမ်းဆီးစဉ် လက်ပစ်ဗုံးနဲ့ ပစ်ခတ်ပြီး ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့ပြီး ယင်းနောက် ဆေးရုံအရောက် သေဆုံးသွားတယ်လို့သိရပါတယ်။
– ကလေးမြို့နယ် တောင်ပိုင်း ဟဲလုပ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းကဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။
– စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးမှာ ခင်ဦးမြို့ကနေ ထွက်လာတဲ့ ရေဦး ရဲစခန်းက ဒုရဲမှူး စိုးထွဋ်ခိုင်အပါအဝင် ရဲ ၁၁ ဦးလိုက်ပါလာတဲ့ ဖောကားကို မနေ့က နံနက်ပိုင်း ၉ နာရီခွဲလောက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ ကားပေါ်လိုက်ပါလာတဲ့ ရဲ ၁၁ ဦးလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။
– စစ်ကောင်စီရဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို ဇွန်လ ၂၁ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်က ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တဲ့သတင်အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article