ရန်ကုန်၊ ဇွန် ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် အမတ်လည်းဖြစ်သူ ဦးကျော်မျိုးမင်း ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးခံရကြောင်း ဘီးလင်း NLD များထံမှ သိရှိရသည်။
ဇွန်လ ၂၂ ရက်နေ့ ဦးကျော်မျိုးမင်းနှင့် မိတ်ဆွေ ၃ ဦး စုစုပေါင်း ၄ ဦးသည် ဘီးလင်းမြို့နယ်အတွင်းတွင် ဆိုင်ကယ်များဖြင့် သွားလာနေစဉ် စစ်တပ်၏ ဖမ်းဆီးခံရမှု ဖြစ်ကြောင်း NLD တချို့ထံမှ သိရှိရသည်။
“ဦးကျော်မျိုးမင်း(လွှတ်တော်အမတ်)၊ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသား တစ်ဦးကို စစ်တပ်က မနေ့ မနက် ၉ နာရီက ဖမ်းပါတယ်။ အဲဒီမှာ ရွာသား တစ်ဦးကိုတော့ စစ်တပ်က ပစ်သတ်လိုက်တယ်။ ရွာသားအလောင်းကတော့ ပြန်ရ တယ်။ လွှတ်တော်အမတ်နဲ့ ကျန်သူ ၂ ဦးကိုတော့ ဖမ်းထားသလား၊ သတ် ပစ်လိုက်ပြီလားတော့ မသိရသေးဘူး။ အလောင်းရတာကတော့ ရွာသား ၁ ဦးတည်း ဆိုတော့ ဖမ်းထားတယ်လို့ပဲ ယူဆရပါတယ်” ဟု ဖြစ်စဉ် အခြေအ နေကို အသေးစိတ် သိရှိထားသူ သတင်းရင်းမြစ်က ပြောသည်။
အလားတူ မန္တလေးတွင် CDM အရိုးဆရာဝန် ဒေါက်တာ ဝေဖြိုးကျော်ကို အကြမ်း ဖက် စစ်တပ်က ဇွန်လ ၁၈ ရက်နေ့ ညက ၎င်းနေအိမ်၌ပင် အကြောင်း မဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်က ဒေါက်တာ ဝေဖြိုးကျော် နေအိမ်၌ ရှိနေစဥ် အင်းအား သုံး ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသော အကြောင်းအရင်းလည်း ပြောဆိုခြင်းမရှိဘဲ လက်ရှိချိန်ထိ မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရိရသေးဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
” မန္တလေးက CDM အရိုးဆရာဝန် ဒေါက်တာ ဝေဖြိုးကျော်ကို စနေနေ့ညက နေအိမ် မှာ ရှိနေစဥ် စစ်တပ်က အင်အားသုံး ဖမ်းဆီးသွားတယ်။ အခုထိ အဆက် အသွယ် မရသေးဘူး။ ရဲစခန်းမှာလား စစ်ကြောရေးလိုက်တာလား ဆိုတာ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊နှပ်ချိုတောကျေးရွာအနီးတွင် မီတာခများကောက်ခံပြီး ပြန်လာသော မြင်းခြံမြိုနယ် လျှပ်စစ်ရုံးမှ ဒုလက် ထောက် ကြီးကြပ်ရေးမှူးဦးတင်ကိုနှင့် ဦးမျိုးဇော်ဝင်းတို့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပစ်ခတ်ခံရမှုအတွက် ယနေ့ နံနက်ပိုင်း နှပ်ချိုတော ကျေးရွာမှ ပြည်သူအားလုံးကို စစ်တပ်က ဖမ်းဆီးထားကြောင်း ၊ ပစ်သတ်သူကို ထည့်မပေးလျှင် တစ်ရွာလုံးကို သတ်ဖြတ် မီးရှို့ ပြာချမည်ဟု စစ်တပ်က ယခု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

