ရန်ကုန်၊ ဇွန်၂၃
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA၊ PDF၊ NUG ထောက်ခံကြိုဆိုကြောင်းကြွေးကြော်ပြီး ဇွန်လ ၂၃ ရက်တွင် ဖားကန့်၌ ချီတက်ဆန္ဒပြကြသည်။
ဆန္ဒပြ ပြည်သူများက ‘KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြကြသည်။



