ရန်ကုန်၊ ဇွန် ၂၃
အကြမ်းဖက် မြန်မာစစ်ကောင်စီအနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်မှု များကို ချက်ချင်းရပ်တန့်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က ပြင်း ပြင်းထန်ထန် တိုက်တွန်း သတိပေးလိုက်ကြောင်း သိရှိရသည်။
ကမ္ဘောဒီယားနိုင်ငံတွင် ဇွန်လ ၂၂ ရက်နေ့ ကျင်းပသည့် အာဆီယံနိုင်ငံများ ကာ ကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင် စီ၏ ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကို ထိုသို့ သတိပေး ပြော ဆို ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန် မြန်မာစစ်တပ်ကို အပြင်းအထန်တိုက်တွန်းခဲ့ပြီး ဂျပန်တွင် သင် တန်း တက်ပြီး မြန်မာနိုင်ငံ ပြန်သွားသည့် စစ်အရာရှိများသည် ပြည်သူကို ဖိနှိပ် ညှဉ်းပန်း သတ်ဖြတ်ရာတွင် ပါဝင်နေခြင်းကြောင့် ဂျပန်အနေဖြင့် မြန်မာ စစ် တပ် မှ သင်တန်းသားများ ကို ဆက်လက်လက်ခံရန် ခက်ခဲ လိမ့်မည် ဖြစ် ကြောင်း ပြောဆို သတိပေးသည်။
“ဂျပန်အစိုးရအနေနဲ့ ဂျပန်နဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အသံကို အလေး အနက်ထား လုပ်ဆောင်နေတယ်လို့ သိရပေမယ့် ဂျပန်အနေနဲ့ မြန်မာ စစ် အရာ ရှိတွေကို လေ့ကျင့်ရေး အစီအစဉ်တွေကို မဆိုင်းငံ့ဘူး၊ မရပ်တန့်ဘူးဆိုရင် ဂျပန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်က အလကားပါပဲ” ဟု Human Right Watch ၏ အာရှရေးရာ စီမံကိန်းအရာရှိ Teppei Kasai က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဂျပန်လေ့ကျင့်ပေးထားတဲ့ စစ်သားတွေက အကြမ်းဖက် ရက်စက် ကြမ်း ကြုတ် မှုတွေမှာ တိုက်ရိုက်မပါဝင်ဘူးဆိုရင်တောင်မှ မြန်မာစစ်တပ်ကို စစ် ရေးလေ့ကျင့်ပေးတာက အလုံးစုံစစ်ရေးစွမ်းရည်ကို တိုးမြှင့်တာပါပဲ။ အဲဒီလို သင်တန်းပေးမှုကို ရပ်ဆိုင်းထားရန်မှတပါး အခြား နည်းလမ်းမရှိပါဘူး”ဟု Teppei Kasai က ဆက်လက်ပြောဆိုသည်။
မေလအတွင်း ထုတ်ပြန်ခဲ့သော Human Rights Watch နှင့် Justice For Myanmar ၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံ၌ လေ့ကျင့် သင်ကြား ထားသော မြန်မာစစ်အရာရှိများသည် အရပ်သား ပြည်သူများအပေါ် လေ ကြောင်း တိုက်ခိုက်မှုအပါအဝင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေကြောင်း ဖော်ပြခဲ့ပြီး ပြည်သူ ၄၇၀၀၀ ကျော်က မြန်မာစစ်တပ်ကို သင်တန်းပေးမှု ရပ်တန့်ရန် တောင်းဆိုသည့် စာကို ဂျပန်ကာကွယ် ရေးဝန်ကြီး ဌာနထံသို့ ပေးပို့ခဲ့ကြသည်။
ဓာတ်ပုံ- ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi ။