32 C
Yangon

ဝက်လက်၊ ကမ်းဖြူရွာသား ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး၊ တမူး၊ ရန်လင်းဖိုင်ကျေးရွာတွင်လည်း ကျေးရွာသား ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရွာကို မီးရှို့

Must read

ရန်ကုန်၊ ဇွန် ၂၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံး မီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ပြန်လည် ထွက်ခွာသွားပြီး ကမ်းဖြူကျေးရွာမှ ဘုန်းကြီး တစ်ပါး၊ ပြည်သူ တစ်ဦးကို ဖမ်းခေါ်သွားပြီး လက်ရှိချိန်ထိ ပြန်လွှတ် ပေးခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်း တမူးမြို့နယ် ရန်လင်းဖိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန် ၂၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“တမူးမြို့ ရန်လင်းဖိုင်ကျေးရွာနှင့် အနီးတဝိုက်တွင် ဒီရက်ပိုင်းတွင်း စစ်တပ်နဲ့ PDF တိုက်ပွဲတွေ ခပ်စိမ့်စိမ့်ဖြစ်လာခဲ့တယ်။ အရင်တစ်ခေါက်ကလည်း စစ် တပ်က ဘုရားကျောင်းကို အကာကွယ်ယူ တိုက်ခိုက်လို့ အပျက်အစီးများစွာ ဖြစ်ပေါ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေက ကြောက်လို့ ထွက်ပြေးကြတဲ့ဟာကို အိမ်ကို မီးရှို့ဖြစ်အောင်ရှို့လိုက်ကြတယ်။ မီးမရှို့လည်း တစ်ချိန်လုံးထွက်ပြေး ရတာနဲ့တင် အကျပ်အတည်းများစွာ ဖြစ်နေကြပြီကို လူစိတ်မရှိတော့ စစ်တပ် က နားမလည်ကြဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article