ရန်ကုန်၊ ဇွန် ၂၄
အကြမ်းဖက်စစ်ကောင်စီ၏ မတရားအကွက်ချစီစဉ်မှုများဖြင့် နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ခံရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် အကျဉ်းသူအဖြစ် ထောင်တွင်း သီးခြားခွဲ၍ နေထိုင်ရသော်လည်း အကျဉ်း ထောင်စည်းကမ်းများနှင့်အညီ နေရကြောင်း သိရှိရသည်။
“အကျဉ်းသူလို ထားဖို့ ညွှန်ကြားထားလို့ သိရတယ်။ အဲဒါက အကျဉ်းသူ ဝတ်စုံ ဝတ်ခိုင်းတာ၊ ပြီးရင် အပြင်ထွက် လမ်းလျှောက် ရမယ့် အချိန်၊ ရေချိုးချိန်၊ မီး ပိတ်ချိန် အဲဒါတွေကလည်း ထောင်စည်းကမ်းအတိုင်း လုပ်ရမယ်ဆိုတာ ညွှန်ကြားထားမှု ရှိတယ်။ အစားအသောက်တော့ ဘယ်လိုကျွေးမလဲတော့ မသိ ဘူး။ ထောင်စည်းကမ်းအတိုင်းလုပ်ရမယ်ဆိုရင်တော့ အကျဉ်းသား အကျဉ်းသူ လိုပဲ ကျွေးမယ်ထင်ပါတယ်။ ထောင်ဝင်စာလည်း ပို့ခွင့်ရှိတယ်” ဟု ရန်ကုန် ခေတ်သစ်သတင်းဌာန၏ နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။
ကျန်းမာရေးအတွက်မူ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြားဆရာဝန် ထား ရှိ သည်ဟု သိရှိထားပြီး နေ့စဉ် ကျန်းမာရေး စစ်ဆေးကာ အခြေ အနေ များကို ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဆီ တိုက်ရိုက်အစီရင်ခံရမည်ဟု သိရှိ ရသည်။