26 C
Yangon

ဆားလင်းကြီး၊ တုံကျေးရွာတွင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ၆ ဦးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ဖမ်းဆီးခံထားရ၊ ခင်ဦး ဗအိုး ကျေးရွာကို စစ်တပ်က ပစ်ခတ်ဖျက်ဆီးသဖြင့် ပြည်သူများ သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇွန် ၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ တုံကျေးရွာတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးညှဉ်းပန်းနေပြီး ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူများ သေဆုံးမှု များရှိကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ သိရှိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီကျော်အချိန် မုံရွာအနောက်ဖက်ကမ်း ညောင်ပင်ကြီး ဇက်ဆိပ်မှ စစ်ကား၅စီး ကျော် ရောက်ရှိလာပြီး စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ခန့် ရွှေလှေ၊ တုံကျေးရွာတွေဖက်ကို လမ်းလျှောက်ပြီး စစ်ကြောင်းထိုးခဲ့ကြ ကြောင်း၊ အဆိုပါစစ်ကြောင်းသည် တုံကျေးရွာအတွင်းသို့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန် ဝင်ရောက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ပစ်ခတ် မှု ကြောင့် တုံရွာသစ်ကျေးရွာမှ ဦးချစ်တင်၏ နေအိမ် လက်နက် ကြီး ထိမှန်ပြီး မီးလောင်ခဲ့ကြောင်း၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦး ထက်မနည်း ဒဏ်ရာရရှိကာ သေဆုံးသူများလည်းရှိကြောင်း သိရှိရသည်။

“စစ်သားများ လက်နက်ငယ်များပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ တပ်ဖြန့် ဝင် ရောက် ခဲ့ပါတယ်။ သေနတ်တွေ အတွဲလိုက်ပစ်သံတွေ ကြိုကြား ကြိုကြား ထွက်ပေါ်လာပြီး ဒေသခံဖြစ်တဲ့ မောင်ဝေယံလင်းလက်မောင်း သေနတ်ထိ မှန်တယ်။ အခြား၄ဦးလည်း သေနတ်ထိမှန်ဒဏ်ရာရသူတွေရှိ တယ်။ သေဆုံး သူ တွေရှိတယ်။ သေဆုံးသူနာမည်တွေတော့မသိရသေးပါဘူး။ အလယ် တော နဲ့ ထန်းတောကြီးကြားမှာ တစ်ယောက်ကို စစ်တပ်က သတ်ဖြတ်ပါတယ်။ တုံ ရွာထဲ မှာ တစ်ယောက်အသတ်ခံရတယ် ။ ပေါက်စဆို တဲ့တစ်ယောက် က တော့ စစ်တပ်က တခါတည်း ပစ်သတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် ဇွန်လ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန် တုံကျေးရွာမှ ဒေသခံ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ကြောင်း၊ စစ်တပ်သည် တုံရွာ (ရွာမ) ရှိ လောကမာန်အောင်ဘုရားတွင် စစ်တပ်က တပ်စွဲထားကြောင်း၊ ပြည် သူ ပိုင်နေအိမ်များရှိ အဖိုးတန်ပစ္စည်းများကို ဝင်ရောက်စီးနင်း ရှာဖွေ လုယူ ခိုး ယူမှုများ စစ်တပ်က လုပ်ဆောင်ကြောင်း၊ ယင်းနောက် စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ထပ်မံ ရောက်ရှိလာကြောင်း သိရှိရသည်။

“နေ့လည် ၁၂နာရီ မိနစ်၃၀ခန့်က အင်အား၁၀၀ဝန်းကျင်ခန့်ပါတဲ့ ဒုတိယ စစ် ကြောင်းဟာ ညောင်ပင်ကြီး ဇက်ဆိပ်ကိုထပ်မံရောက်လာခဲ့ပြီး ညောင်ပင် ကြီး ရဲစခန်းအနီး ထမင်းစား စခန်းခေတ္တချပြီး အောင်ချမ်းစည် မှတဆင့် သာယာ ကုန်းရွာဘက် စစ်ကြောင်းထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့အတူ ဇွန်လ ၂၃ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗအိုးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို ဖျက် ဆီးမှုများ၊ ပစ္စည်းများ လုယူခြင်းများ ၊ ပြည်သူများကို ပစ်သတ်ခြင်းများ၊ ၅၀ ထက်မနည်းသော ပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင် ကြောင်း သိရှိရသည်။

“ဗအိုးရွာကနေ စစ်တပ်က ပြန်ထွက်လာတော့ မြကန်သာ အနောက်ပိုင်း သဲပုံစေတီ လမ်းထွက်ရင်း သေနတ်နဲ့ ရမ်း ပစ်သွားတာ ဝပ်ရှော့အိမ်က အောက် ပိုင်းသေနေတဲ့ မိန်းမကြီး ကျည်ထိပြီး ဆုံးပါတယ်။ အခြားပြည်သူ တစ်ဦးလည်း ခြေထောက်မှန်သွားတယ်။ ပစ်ခတ်မှုတွေအများကြီးပါပဲ” ဟု ခင်ဦးဒေသခံတစ်ဦးက ဆိုသည်။

ဗအိုးကျေးရွာသို့ ဝင်ရောက်စဉ်စစ်တပ်က လက်နက်ကြီးကျည် ၆၀ မမ၊ ၄၀ မမ ကျည်များဖြင့် ပစ်ခတ်ကြောင်း၊ စက်သေနတ်များဖြင့်လည်း ပစ်ခတ်ကြောင်း ၊ ဗ အိုးကျေးရွာသို့ မရောက်ရှိခင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရကာ သေဆုံး ခဲ့ သော ကံသစ် တံတားတွင်လည်း စစ်ကားများလာရောက်ပြီး အနီးအနား ဝန်း ကျင်ရှိ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“သူတို့က ဗအိုးရွာ မရောက်ခင် ကားရပ်ပြီး ရွာက ဒလံကောင်က ကင်းတဲကို လှမ်းထိုးပြပြီး ပစ်ခိုင်းတယ်။ ပြည်သူတွေက ကန်သင်းရိုး ကပ်မှောက်ပြီး ပြေး ကြရတာ။ ဗအိုးကျေးရွာသို့ ဝင်တဲ့ စစ်ခွေးတွေက ညနေ ၅နာရီ အချိန် မှာ ပြန်လည်ထွက်ခွာသွားကြပြီး အပြန်လမ်းတစ်လျောက် စက်လက်ဖြင့် ရမ်းစမ်း ပစ်ခတ်သွားတာ လူတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိတယ်” ဟု ဗအိုးကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ် လက်ပံတောင်းဒေသသို့ အကြမ်းဖက်စစ်တပ်က လုံခြုံရေး လာရောက်မှုမြင်ကွင်း။

Photo- ယူနတီဂျာနယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article