ရန်ကုန် ဇွန် ၂၆
အကြမ်းဖက်စစ်တပ်၏ မတရားသဖြင့် ပြည်သူလူ ထုကို အုပ်ချုပ် မင်းမူနေသည်ကို ထင်ဟပ်စေရန် ဆလိုင်းတင်မောင်ဦး နောက်ဆုံး ရဲရဲတောက် ဟစ်ကြွေးခဲ့သော သမိုင်းဝင်စကားဖြစ်သည့် “စစ်ဖိနပ်အောက် ဒူးမထောက်” စာသားပါ စာတန်းတစ်ခုကို ရန်ကုန်မြို့တစ်နေရာ ယနေ့ နံနက်ပိုင်းတွင်”စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY “က ချိတ်ဆွဲဆန့်ကျင်ဆန္ဒပြသပိတ်မှောက်ကြသည် ။
ယနေ့ဇွန်လ ၂၆ ရက်နေ့သည် အာဇာနည်ကျောင်း သား ခေါင်းဆောင် ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦးအား စစ်အာဏာရှင်တို့မှ မတရားသဖြင့်ကြိုးမိန့်ပေးသတ်ဖြတ်ခံရခြင်း (၄၆)နှစ်ပြည့်ခဲ့ပြီဖြစ် သည်။
စစ်အာဏာရှင် လူတစ်စုသည် ထိုသူတို့ အာဏာတည်မြဲရေးကိုသာ ဦးတည်လျက် ပြည်သူလူထု ၊ ကျောင်း သား ၊ လူငယ် ၊ ရဟန်း စသဖြင့် ညှင်းပမ်းနှိပ်စက် သတ်ဖြတ် လျက်ရှိနေသည်။
ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး သည် နိုင်ငံနှင့် ပြည်သူအတွက် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်ရင်း ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခံရသော အာဇာနည်တစ်ဦးပင်ဖြစ်သည်။