ရန်ကုန်၊ ဇွန် ၂၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ULA/AA က ဖမ်းဆီးခဲ့သည့် ဌာန ဆိုင် ရာဝန်ထမ်း ၁ဦးနှင့် အရပ်သားတစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဇွန် ၂၆ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် လိုက်သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ရသေ့တောင်မြိုနယ်၊ ကူတောင် ကျေးရွာ မှ မသင်္ကာ၍ စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့သော စစ်ကောင်စီ၏ ရခိုင်ပြည်၊ စက် မှု ကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာရှိ SAE ဦးဆန်းလင်း အောင် (၄၅) နှစ် နှင့် ရသေ့တောင်မြိုက ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈) နှစ်တို့ နှစ်ဦး ULA/AA က ယနေ့ ဇူလိုင်(၂၆) ရက်နေ့၌ ကောင်းမွန်စွာ ပြန်လည်လွှတ် ပေး လိုက် ပြီးဖြစ်ကြောင်း AA က ထုတ်ပြန်သည်။
ဦးဆန်းလင်းအောင်၏ နိုင်ငံသားစိစစ်ရေးကဒ် နေရပ်လိပ်စာတွင် အမတ (အ မြောက် တပ်) ဟု ဖော်ပြထားပြီး၊ ၎င်းဖခင်၏ညီဖြစ်သူမှာ စစ်တွေအခြေစိုက် စစ်ကောင်စီတပ် အမတ (၃၇၃) အမြောက်တပ်၌ တာဝန်ထမ်း ဆောင်နေသူ ဖြစ်ကာ ရက္ခိုင်ဘာသာစကားလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ် သည့် အတွက် မိမိတို့ AA တပ်ဖွဲဝင်များမှ မသင်္ကာ၍ မေးမြန်းစိစစ်ရန် ခေါ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း၊ စိစစ်ချက်အရ ဦးဆန်းလင်းအောင်နှင့် ဦးဇော်ဟိန်း ထွန်းတို့ နှစ် ယောက်မှာ စစ်ဖက်ဆိုင်ရာနှင့် ပတ်သက်မှု မရှိသည့်အတွက် ယနေ့ ဇွန် (၂၆) ရက်နေ့ ည (၃) နာရီ အချိန်တွင် ရသေ့တောင်မြိုနယ်၊ မူစဲကျွန်း၊ ငလပြားကူး တိုဆိပ်ကမ်းသို ကောင်းမွန်စွာ ပြန်လည်ပိုဆောင်ကာ လွှတ်ပေး လိုက်ပြီးဖြစ် ကြောင်း သိရှိရသည်။