ရန်ကုန်၊ ဇွန် ၂၆
ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ခွင့်ပြု ချက်မရရှိဘဲ အကြမ်းဖက်စစ်ကောင်စီလုပ်ငန်း လည်ပတ်ရာတွင် ကူညီအား ပေးသည့် Non-CDM ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို ကရင်နီရဲတပ်ဖွဲ့က ဖမ်း ဆီးအရေးယူထားကြောင်း ကရင်နီပြည်ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေတွင် ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC)၏ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ အကြမ်း ဖက်စစ်ကောင်စီ ၏ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန် လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ဒေသခံများက တိုင်ကြားလာကြောင်း သိရှိရသည်။
ဇွန်လ ၂၄ ရက်နေ့တွင် ကရင်နီပြည်ရဲ(KSP)၊ အမှတ်(၅) ရဲစခန်းရှိ ကရင်နီ ပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၂)ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီ ၏လုပ်ငန်းများ လည်ပတ်ရာတွင် ထောက်တိုင်တစ်ခုအဖြစ် ကူညီအားပေး လျက်ရှိသော Non-CDM ကျောင်းဆရာ /ဆရာမ (၆)ဦးကို တွေ့ရှိခဲ့သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ၎င်းတို့ကို အမှတ်(၅)ရဲစခန်းသို့ ခေါ်ယူ စစ်ဆေး မေးမြန်းလျက်ရှိကြောင်း သိရှိရသည်။
ကရင်ပြည်ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးပေါ်ပေါက်ချက်များနှင့် စီရင်ချက် များ ချ မှတ် ပြီးပါက ကရင်နီပြည်သူများကို အသိပေးကြေညာသွား မည်ဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။