28 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ထီးလင်းမြို့ကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေ နှစ်ဖက် အချင်းများပြီး အခြေအနေတင်းမာနေတယ်လို့ YDF – Htilinက ထုတ်ပြန်ပါတယ်။ – မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်တွေက ဇွန်၂၅ ရက်နေ့ ညပိုင်းက ဝင်ရောက် စီးနင်းပြီး ကလေးငယ်၊ အမျိုး သမီး ငယ်တစ်ဦး၊ မသန်စွမ်း တစ်ဦး အပါအဝင် ကရင်တိုင်းရင်းသား ပြည်သူ ၁၀ ဦး ကို ညှဉ်းပန်းသတ်ဖြတ်ခဲ့ပါတယ်။ – ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းမပေါ်ရှိတဲ့ ဗဟန်းရဲစခန်းကို မနေ့ ညနေပိုင်းမှာ ဗုံးခွဲတိုက်ခိုက် လိုက်တယ်လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ -ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဥကရစ်ထစစ်ကောင်စီစခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ Venom စစ်ကြောင်းက မနေ့က မနက်အစောပိုင်းက ဝင်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိ မှာတော့ တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားပြီး နှစ်ဖက်လုံး ထိခိုက်ကျဆုံးမှု များနေတယ်လို့ Venom စစ်ကြောင်း သတင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ – ကရင်နီပြည်နယ်မှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ခွင့်ပြုချက်မရရှိဘဲ အကြမ်း ဖက်စစ်ကောင်စီလုပ်ငန်း လည်ပတ်ရာမှာ ကူညီအားပေးတဲ့ Non-CDM ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို ကရင်နီရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article