ရန်ကုန်၊ ဇွန် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်မှ စစ်ကောင်စီ သတင်း ပေး ဟု သတ်မှတ်ခံထားရသူ ကျောက်ဆည်မှ ဆေးပင်စင်စား အငြိမ်း စား စစ်သား ညွှန့်ဝေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကျောက်ဆည်မှ ဆေးပင်စင် အငြိမ်းစား ဆေးတပ်သား ညွှန့်ဝေသည် မြစ်ကြီးနား ဇီးလွန် နယ်မြေ အမှတ် ၁၃ အထက်တန်းကျောင်းရှေ့တွင် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ပစ်ခတ်ခံရပြီး ပွဲချင်း ပြီး သေဆုံးသွားကြောင်း၊ စစ်သားဟောင်းဖြစ်သူ ညွှန့်ဝေသည် ကျောက် ဆည်မှ မြစ်ကြီးနားသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး မြစ်ကြီးနားတွင်လည်း စစ်တပ် အတွက် သတင်းများ စုဆောင်းပေးနေသဖြင့် ပစ်ခတ်သတ်ဖြတ် ခံရခြင်းဖြစ် ကြောင်း ရှင်းလင်းမှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။
အလားတူ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အလယ်ချောင်း(အောက်) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ Non CDM ကျောင်းအုပ် ဆရာနှင့် မူလ တန်း ပြဆရာ၂ ဦး စုစုပေါင်း ၃ ဦးသည် ဇွန်လ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ပစ်ခတ်ခံရပြီး ကျောင်းဆရာတစ်ဦး သေဆုံးသွားကြောင်း သိရှိ ရသည်။
ဇွန်လ ၂၅ ရက်နေ့ည ၁၀ နာရီအချိန် ကျောင်းဝန်ထမ်း လိုင်းခန်းတွင် ကျောင်း အုပ် ဦးမောင်မောင်တာ၊ မူလတန်းပြ ဦးနေဝင်းထွန်းနှင့် ဦးလှိုင်မင်းထွန်းတို့ ၃ ဦးကို အမည်မသိ သေနတ်သမားတချို့က ပစ်ခတ်ခြင်းဖြစ်ပြီး ကျောင်းဆရာ နေဝင်းထွန်း သေဆုံးသွားကြောင်း၊ ကျန် ၂ ဦးမှာမူ ဆေးကုသမှု ခံယူ နေ ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ ၂ ဦး ပစ်ခတ်ရာ သေဆုံး သွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပေါင်းတည်မြို့နယ် သစ်ပုတ်အုပ်စု လက်ပံခုန်ရွာမှ ဝင်းနိုင်ဌေး နှင့် ကျောက် တံခါး အုပ်စု အလယ်ရွာမှ မြင့်ကျော်တို့ကို ပစ်ခတ်ရာမှ သေဆုံးခြင်း ဖြစ် ကြောင်း ၊ ဇွန်လ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ကြံ့ဖွတ်ထောက်ခံသူ လက်ပံ ခုန်ရွာမှ ဝင်းနိုင်ဌေးကို နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်း ပစ်ခတ် ခဲ့ကြောင်း ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းအချိန် ကျောက်တံခါးအုပ်စု အလယ်ရွာ မှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မြင့်ကျော်ကို ပစ်ခတ်ခြင်း ဖြစ် ကြောင်း သိရှိရသည်။